အပိုင်း (၇)

577 53 8
                                    

"နှလုံးသားကို ရင်း၍ အမှောင်မှ လွတ်ရစေမည် "
အပိုင်း (၇)

သူမနာမည်က သင်းမုဒြာ ။
အသက်က ၂၀ နှစ်။
အရပ် ၅ပေ ၆ လက်မခန့်ရှိပြီး
ဆံနွယ်များက ခပ်ကောက်ကောက်လေးဖြင့်
ကျောဘက်တွင် ယိမ်းကျနေသည်။
မျက်လုံးဝိုင်းဝိုင်း , နှာတံ ခပ်ယေးယေးကိုမှ
နှုတ်ခမ်းပါးလေးက တစ်မူ မတူအောင် ရှိနေချေသည်။

မန္တလေးမြို့ , မြစ်ဆိပ် ဘက်တွင်
သူမ ဖွားမြင်သည်။ သူမသည် တစ်ဦးတည်းသော
သမီးဖြစ်၏။ မိခင်ဖြစ်သူက
သူမကို မွေးပြီး ၃ နှစ်အကြာတွင်
လင်ငယ်နောက် လိုက်ပြေးသည်။

ဖခင်ဖြစ်သူကသာ သဲကားမောင်းသော
အလုပ်ဖြင့် သူမကို ပြုစုခဲ့ရသည်။
ထို့ကြောင့် သူမသည် ဖအေ ဖြစ်သူကို
လွန်စွာ ချစ်သည်။

သူမကို ထိုပတ်ဝန်းကျင်က သူများက
"သွားသေး" ဟု စနောက်ခေါ်တတ်ကြသည်။
သူမတွင် သွားသေးသေးလေးများ ရှိခြင်းကြောင့်။

သူမ ငယ်ငယ်တည်းက ဖအေနှင့်သာ
အနေများပြီး အဖေကလည်း တနေကုန်
အလုပ်လုပ်ရသဖြင့် သူမကို သိပ်မထိန်းအား။
ထို့ကြောင့် သင်းမုဒြာသည် ခပ်ဆိုးဆိုး ကောင်မလေး ဖြစ်နေချေသည်။

၁၀ တန်းကို ရိုးရိုးနဲ့ အောင်ပြီး အဝေးသင်တတ်နေသူ တစ်ဦး။ သင်းမုဒြာ ၏ အဖေက
ယခင်က ဘုရားတရားမြဲ သူဖြစ်သည်။
မနက်ဆို သဲ ကားမောင်းပြီး ညဆို ကိုရင်ကြီးများနှင့် တရားဆွေးနွေးပြီးမှ အိမ်ပြန်လာလေ့ရှိသူ။

သို့ပေမယ့် သူမ အမေ လင်ငယ်နောက် လိုက်ပြေးပြီး နောက်ပိုင်း အရက်သေစာ သောက်စားလာသည်။ တစ်ခုကောင်းသည်က သူမ အဖေ ဦးနိုင်လင်း
က ဘယ်လောက်မူးမူး , သူမကိုတော့ အလွန်ချစ်သည်။ မူးပြီး ရမ်းကားသည် ဟူ၍ မရှိ။

သူမ တို့ နေသည်က ယိုင်နဲ့နဲ့ ပျဉ်ထောင်အိမ်ကလေး
တွင်သာ။ အဖေက အလွန်ချစ်သည်မို့
သူမ မျက်နာမငယ်အောင်တော့
အဝတ်အစားများကို ရသလောက် ဆင်ပေးရှာသည်။

"သမီးရေ... အေ့ "

"ဖေဖေ ..."
အဖေဖြစ်သူ၏ ခေါ်သံကြောင့် သင်းမုဒြာ
သူမ၏ အခန်းကျဉ်းကျဉ်းလေးထဲမှ ထွက်လာသည်။

"နှလုံးသားကိုရင်း၍ အမှောင်မှ လွတ်ရစေမည် "Where stories live. Discover now