အပိုင်း (၂)

1.1K 90 5
                                    



             " နှလုံးသားကို ရင်း၍ အမှောင်မှ
                         လွတ်ရစေမည် "
                      အပိုင်း (၂)

လွန်ခဲ့သော နှစ်ပေါင်း ၈၀,၀၀၀ ခန့်က
ကမ္ဘာကြီး တစ်ခု တည်ရှိသည်။
လက်ရှိ နေထိုင်ရာ ကမ္ဘာကြီး မပေါ်ခင် က
တည်ရှိခဲ့သော ကမ္ဘာ တစ်ခုပင်။

ထိုကမ္ဘာကြီး၏ တစ်နေရာတွင်
မုတ္တ ဟုခေါ်သော မြို့လေး တစ်မြို့ ရှိသည်။
မုတ္တ မြို့လေးက စည်ကားသည်။
အပျော်အပျက်လည်း များသည်။
ဒုစရိုက်လည်း များသည်။

ထိုမုတ္တ မြို့တွင် အထင်ကရ တက္ကသိုလ်
တစ်ခုရှိသည်။ ရာမေယု ဟု အမည်တွင်သော
တက္ကသိုလ်ကြီး။

ထိုသက္ကသိုလ်ကြီး၏ တစ်နေရာတွင်
ကျောင်းသား တစ်ချို့က ရန်ဖြစ်နေသည်။
တိတိကျကျ ပြောရလျှင်
ကျောင်းသားတစ်ဦးကို ဝိုင်းအနိုင်ကျင့်နေကြခြင်းပင်။

"ဟေ့ကောင် မာနတ္တ , ငပိန်းကောင် "
ကျောင်းသားတစ်ဦး၏ လှောင်ပြောင်မှုကို
ကျန်ကျောင်းသားများကပါ ဝိုင်းပြီး
ဟားတိုက် ရယ်နေကြသည်

"နာမည်ကသာ မာနတ္တ , လူက ငနုံကောင် "
"ဖြောင်း "
ပြောလည်း ပြော ခေါင်းကိုလည်း
တစ်ချက်ချင်း ရိုက်နေသည်။
တခါတလေ သဲများနှင့် ပက်သည်။
ထိုသို့ အနိုင်ကျင့် ၍ ဝတော့
ထိုကျောင်းသားများ ထွက်သွားကြသည်။
မာနတ္တ ဟု အမည်တွင်သည့် ကျောင်းသားကမူ
မျက်ရည်များ တစက်စက် ကျနေသည်။

၁၀ မိနစ် ခန့်မျှ ငိုပြီးတော့ ပေကျံနေသော
အင်္ကျီကို ခါ၍ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ကျနေသော မျက်မှန်လေးကို ကောက်၍ တပ်လိုက်သည်။ လွယ်အိတ်ကို
ကိုင်၍ စာသင်ခန်းဘက်ကို ထွက်လာလိုက်သည်။

စာသင်ခန်းဘက်ရောက်တော့ ကျောင်းသားများ
သိပ်မရှိသေးပေ။ မာနတ္တ စာသင်ခန်းထဲသို့
ဝင်ထိုင်လိုက်သည်။ များမကြာမီပင် စာသင်ချိန်
စတော့သည်။

မာနတ္တ က စာများကို ကြိုးစားပမ်းစား လိုက်မှတ်နေသည်။ သူသည် စာသင်ယူရာတွင် အားနည်းသည်။ အရှင်းဆုံး ပြောရလျှင် တုံးသည်။ ညံ့သည်ပေါ့။

" မနက်ဖြန် ကြိုဆိုပွဲက မိုက်မှာကွ "

"အေး ဟိုမိန်းမလေးက အရမ်းယွတယ် ဆိုပဲ။
ငါတို့အကြိုက်ပေါ့ "

"နှလုံးသားကိုရင်း၍ အမှောင်မှ လွတ်ရစေမည် "Donde viven las historias. Descúbrelo ahora