အပိုင်း (၁)

3.2K 157 12
                                    

" နှလုံးသားကို ရင်း၍ အမှောင်မှ လွတ်ရစေမည်"

                          အပိုင်း (၁)

မန္တလေး၏ နွေက ထင်ထားသည်ထက် ပိုပူသည်။
နွေခေါင်ခေါင်၏ နေ့လည်တွင်
ဆိုင်ကယ်များ , ကားများက တဝီဝီ လှုပ်ရှားနေသည်။မန္တလေး၏ ရိုးရာအတိုင်း
ဆိုင်ကယ် ဖြင့်သာ လိုရာ ခရီးသွားကြသဖြင့်
လမ်းလျောက်သူ မရှိသလောက်ပင်။
သို့သော် ထိုနေပူပူထဲတွင် လူငယ်တစ်ဦးက
ဘာကိုမျှ မမှုသယောင် လမ်းကိုလျောက်မြဲလျောက်နေသည်။

နဖူးနှင့် ဆံစ မှ ချွေးများက မျက်နာပေါ်သို့
တစက်ချင်း ကျနေသည်။
ဆံပင်ကို အလယ်ခွဲထားပြီး ဂျစ်ကန်ကန်ပုံစံနှင့်
ထိုလူငယ်က ရှေ့ကိုမကြည့်ပဲ ခြေဦးတည့်ရာ
လျောက်သွားနေသည်။
ရှုးဖိနပ် အနီရောင်ကို ဂျင်းအနက် , sport shirt နှင့် တွဲဝတ်ထားပုံက အစပ်အဟက် မတည့်သော်လည်း ကြည့်ကောင်းသော အသွင်။
ကျောဘက်တွင်လည်း ကျောပိုးအိတ်တစ်လုံး
လွယ်ထားသည်။

ထိုလူငယ်က ခွေးဟောင်သံတစ်ခုကြောင့်
ဘေးကို ငဲ့ကြည့်တော့ ဘုန်းကြီးကျောင်းမှ
ခွေးဝဲစား။
ခွေးကို ဘုကြည့်ကြည့်လိုက်တော့ ခွေးက အမြီးကုတ်သွားသည်။
ထိုလူငယ်က ရှေ့ကို ဆက်လျောက်သွားသည်။

ခဏကြာတော့ ထမင်းဆိုင် တစ်ခုကို တွေ့သည်။
လူငယ်က ခဏရပ်လိုက်သည်။ မျက်လုံးကို
မှိတ်ထားလိုက်တော့ ဗိုက်ထဲက အချက်ပေးသံက
မြည်နေပြီဖြစ်သည်။

သူ ထမင်းဆိုင်ထဲသို့ ဦးတည်လိုက်သည်။

"ဘာစားမလဲ အစ်ကို "
ဝန်ထမ်းလေးက ပြူငှာစွာ မေးလာသည်။

"ဆိုင်ရှင် ကို ခေါ်ပေး "
ထိုလူငယ်က ခပ်ပြတ်ပြတ် ပြောလိုက်တော့
ဝန်ထမ်းလေးကလည်း ခပ်သုတ်သုတ် ထွက်သွားသည်။ခဏကြာတော့ လူကြီးတစ်ဦးရောက်လာသည်။

"ဘာကိစ္စလဲ ကောင်လေး "
ဆိုင်ရှင်က စူးစမ်းဟန်နှင့် မေးလာသည်။

" ကျွန်တော် ဗိုက်ဆာနေတယ်။
လက်ထဲလည်း ပိုက်ဆံ မရှိဘူး။
အဲ့တာ ဦးလေးခိုင်းတာ လုပ်ပေးမယ်။
ကျွန်တော့်ကို ထမင်းကျွေးမလား "
မထင်မှတ်သော စကားကြောင့် ဆိုင်ရှင်က
မျက်မှောင်ကြုတ်သွားသည်။

"နှလုံးသားကိုရင်း၍ အမှောင်မှ လွတ်ရစေမည် "Where stories live. Discover now