အိမ်က မာမီမားသားကိုတော့ အထူးတောင်းပန်ပါတယ် ဒီက သားလေး က လွတ်မှဖြစ်မှာမို့ပါ။

"မဟုတ်ပါဘူးkyoongရယ် ကျွန်တော်ပြောတာနားထောင်ပေးပါ"

ဒူးတုပ်ကာ လက်နှစ်ဖက်ကို ကျစ်နေအောင်စုပြီး အတင်းတောင်းပန်နေသည့် kyoongကြောင့်loeyရယ်ရမလားငိုရမလားမသိ။ အူယားစရာကောင်းနေတာတော့အမှန်။

"Kyoong ကျွန်တော့်ကိုကြည့်"

မျက်လုံးကိုအသေအကြေမှိတ်ထားသည့်အတွက်ကြောင့် စကားပြောရန် kyoongအားချော့မော့နေရသည်။

Kyoongယခုအချိန်ထိဘာမှမဖြစ်သေးတဲ့အတွက် မျက်လုံးတစ်ဖက်ကိုအသာဖွင့်ကာကြည့်လိုက်သည်။

"ဟင်းKyoongကျွန်တော်ကလူသားမျိုးနွယ်ဆက်တဲ့ ဒရက်ဂူလာအနွယ်၀င်ပါ"

Loeyပြောစကားကြောင့် kyoong ကမျက်လုံးစုံလေးဖွင့်လာသည်။

"ကျွန်တော့တို့ဘိုးဘေတွေဆီကတစ်ဆင့်ဖြစ်ပေါ်လာတဲ့ လူသားတွေကိုစားသုံးတဲ့မကောင်းဆိုး၀ါးဖြစ်စဥ်ကြီးကို ကျွန်တော့်Daddy သူကိုယ်တိုင်ဖန်တီးတဲ့အသက်ရှည်ဆေးနဲ့ရပ်တန့်ပြစ်ခဲ့ပါတယ်"

"အသက်ရှည်ဆေး?"

Loeyပြောစကားကို ၀င်ထောက်ရင်းစိတ်၀င်စားပုံရလာသည့်kyoongကြောင့် loeyခေါင်းငြိမ့်ပြကာဆက်ပြောပြမိသည်။

"အဲ့ဒီ့ဆေးက သွေးအတုလို့ပြောလို့ရတယ် Daddy ကလူသားမိန်းမတစ်ဦးနဲ့ချစ်ကြိုက်ပြီး သူချစ်ရတဲ့အမျိုးသမီးကိုမထိခိုက်စေချင်တာကြောင့် ဖန်တီးခဲ့တာတဲ့လေ Mommyကလူသားဖြစ်ပြီး Daddyကမကောင်းဆိုး၀ါးဖြစ်ခဲ့တာပေါ့"

"အင်း"

ပြောပြနေသည့်Loeyပုံကြည့်ရတာ၀မ်းနည်းနေသလိုပင်

"Daddyကလူသားတွေကို မထိခိုက်စေချင်တော့တာကြောင့်အတတ်နိုင်ဆုံးလုပ်ခဲ့ပင်မဲ့ မကောင်းဆိုး၀ါးဆိုတဲ့ဖြစ်တည်မှုကို လက်မခံနိုင်တဲ့လူသားတွေက Daddyတို့နေအိမ်ကိုမီးရှို့ခဲ့တယ်လေ "

"မီးရှို့တယ်!"

"အင်းအဲ့လိုနဲ့ပဲMommyကဆုံးပါးခဲ့ရတယ်လို့Daddyကပြောတယ်"

HOTEL TRANSYLAVNIAWhere stories live. Discover now