အပိုင်း(၆၇)

Start from the beginning
                                    

"ရောက်နေပြီလား"

လုရှန် သူတို့ဆီ စာပို့လိုက်ကထဲက သူမ အံဩနေတာဖြစ်သည် သူတို့ မြန်မြန်ရောက်လာတာကိုကြည့်ရုံနဲ့ စာရရချင်း သူတို့ ဒီကိုလိုက်လာတာမှန်းသိနိုင်လေသည်
"ဒါဆို ကျွန်မ သူတို့ကို သွားနှုတ်ဆက်ရမှာပေါ့"

လုရှန်က မတ်တပ်ရပ်တော့မဲ့သူမကို တားကာ
"ကိုယ် သူတို့နှစ်ယောက်ကို သွားနှုတ်ဆက်လိုက်ပါမယ် ဒါကြောင့် နေးရားက ဒီမှာပဲနေသင့်တယ် မင်းအတွက်တော့ ဒီပြဿနာကို ရင်ဆိုင်စရာမလိုပါဘူး"

သူမကို အခန်းအပြင်ကိုပေးမထွက်တဲ့ သူ့ဆန္ဒက သူမကို မွန်းကြပ်သလိုခံစားရစေသည်

'ငါ အဖေကို သတိရတယ်ပြောရင်ရော'

သူမခေါင်းကိုခါလိုက်သည် ဒီလိုအရာမျိုး ပြောတာကို ရှောင်သင့်တယ် လုရှန်က သူမရဲ့ဆန္ဒတွေနဲ့ပတ်သတ်ပြီး အလွန်အမင်းအထိမခံဖြစ်နေသည် သူမအဖေကို စိတ်ပူရင်တောင်မှ လုရှန်ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သူမမပြောနိုင်ပေ

အတွေးတွေကို စုစည်းရင်း လက်ကိုပိုက်ကာ လုရှန်ကိုပြောလိုက်သည်
"ကျွန်မက ကျွန်မတို့ဘယ်လောက်ပျော်နေကြောင်း အရှင်နဲ့ အဖေကို ပြချင်ရုံပါ"

“…..”

"ရှင်လဲသိတာပဲ ကျွန်မက ကိစ္စတွေကို အဲ့လိုပြရတာကြိုက်တယ်ဆိုတာကို လုရှန် ကျွန်မတို့ရဲ့ ပျော်စရာဆက်ဆံရေးကို လူတွေကိုချမပြချင်ဘူးလား"

ဒါတွေအားလုံးက အလိမ်တွေဆိုတာ အမှန်ပဲပေါ့

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးဆိုတာ လုံး၀မဟုတ်ဘူး

လုရှန် ဘယ်အချိန် ထ‌အသွင်ပြောင်းမယ်မသိလို့ ကောင်းကောင်းတောင်မအိပ်နိုင်ဘူး

ဒါပေမဲ့ ဒါတွေကို တခြားသူတွေဆီ ချပြလို့မရပေ လုရှန်ကို အပြုံးကြီးပြုံးပြကာ ကြည့်နေလိုက်သည်
'ကျေးဇူးပြုပြီး ကြွေဆင်းသွားစမ်းပါ'

လုရှန်က သူမကို သတိထားသလိုကြည့်ပြီးမှ ခေါင်းညိမ့်လေသည်
"အိုကေ ဒါဆိုလဲ တူတူသွားရအောင်"
(နေးရားရဲ့သဘောထားကို အိုင်အမြင်မှာတော့ နေးရားက တကယ်တော့ လုရှန်ကိုချစ်ပါတယ် သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ လုရှန်လိုချိန်ကိုက်‌ဗုံးကြိးကို ကိုင်တွယ်ရတာမလွယ်ပါဘူး မူရင်း၀တ္ထုထဲမှာဆို လုရှန်က ပေါက်ကွဲထွက်သွားပြီး အင်ပါယာတစ်၀က်ကျော်ကို သတ်ဖြတ်ပစ်တဲ့လူပါ လုရှန်ရဲ့ possessive က နေးရားလိုလွတ်လွတ်လပ်လပ်နေတတ်တဲ့သူအတွက်တော့ ဆင်းရဲတွင်းကြီးပါ နေးရားက scary catပါ သူ့အနေနဲ့ ဒါကြီးကြုံတဲ့အခါသိတဲ့အရာတစ်ခုက ထွက်ပြေးဖို့ပါပဲ)
* * *

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now