အပိုင်း ၆

Start from the beginning
                                    

သူမ ပြောပြီးပြီးချင်းပင် ဝမ်းကွဲ၊ ဝမ်းကွဲယောင်းမ၊ အကြီးဆုံးအဒေါ်၊ အကြီးဆုံးဦးလေးတို့၏မျက်နှာများ မည်းမှောင်သွားတော့သည်။

အကြီးဆုံးအဒေါ်သည် ဆက်လက်ပြီး မသည်းခံနိုင်တော့ဘဲ
"သမီးရဲ့ ဝမ်းကွဲမှာက ပစ္စည်းတွေ အများကြီးလေ။
ပြီးတော့ အခန်းက အပိုလည်းမရှိတော့ဘူး။ ဒါမှမဟုတ် သမီးများ..."

"ဒါဆိုရင်တော့ ဝမ်းကွဲနဲ့ယောင်းမတို့ကို ပစ္စည်းနည်းနည်းလောက် ထုပ်ပိုးပေးဖို့ ဒုက္ခပေးရတော့မှာပဲ။"
ယဲ့ချင်းသည် သူမ၏ ငါးစာကို ချကာ ကျေးဇူးတင်သလိုပြောလိုက်လေသည်။

"ကျွန်မက မိဘမရှိ၊ သားသမီးလည်းမရှိတဲ့ တစ်ကောင်ကြွက်လေ။ ဒါကြောင့် မြို့က ကျွန်မရဲ့တိုက်ခန်းကို နောက်တစ်နှစ်လောက်ဆို ပေးခဲ့ရမှာ။"

တစ်ခုခုဆက်ပြောတော့မည့် အကြီးဆုံးအဒေါ်သည် ရပ်တန့်သွားကာ လူတိုင်း၏မျက်လုံးတို့သည် ပင့်တက်သွားလေသည်။

ဟုတ်သားပဲ။ ယဲ့ချင်းမှာ တစ်နှစ်ပဲကျန်တော့တာလေ။ အဲ့တော့ တိုက်ခန်းကို ဘယ်သူ့ကိုပေးခဲ့မှာလဲ?
အဲ့တိုက်ခန်းက သန်းချီတန်တာမပြောနဲ့ဦး။

ယဲ့ချင်းသည် ခေါင်းကို အနည်းငယ်ငုံ့ကာ သူမ၏အသံသည် နူးညံ့သွားပြီး
"ကျွန်မက တိုက်ခန်းကို ဒီကျန်တဲ့အချိန်မှာ ကျွန်မအပေါ် ကောင်းပေးတဲ့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပေးခဲ့မှာ။" သူမစကား၏ အကျိုးဆက်သည် ရုတ်တရက်ပင်။

တစ်လျှောက်လုံး စကားသိပ်မပြောဘဲ သူတို့၏ ဒရာမာကို ထိုင်ကြည့်နေသော ဒုတိယအဒေါ်သည် ပွင့်အာလာကာ ရုတ်တရက် ဝင်ပြောလာခဲ့သည်။
"သနားစရာ အားချင်း၊ သမီးက အရမ်းငယ်သေးတာကို။ ဒေါ်လေးဖြင့် မယုံနိုင်ဘူးကွယ်။" သူမ၏ ဝမ်းနည်းနေသောမျက်နှာဖြင့် မျက်ရည်များကိုသုတ်လိုက်သည်။

ဒုတိယအဒေါ်သည် အမြဲ ထိုကဲ့သို့ပင်။ အမြဲ သူမသည် စကားသိပ်မဆိုဘဲ အနေအေးကာ သဘောမနောကောင်းသည့်အသွင်လေးနှင့်ဖြစ်သည်။

သို့သော် သူမသည် တစ်ဘက်လှည့်ပြီး အကြီးဆုံးအဒေါ်ကို သူမ၏စကားလုံးများဖြင့် လှုံ့ဆော်ကာ အကြီးဆုံးအဒေါ်မတိုင်ခင်ပင် အကွက်များရွေ့သေး၏။

သူမသည် မူလပိုင်ရှင် ရွာမှထွက်ခွါရသည့် နောက်ထပ် အကြောင်းအရင်းတစ်ဝက်ဖြစ်သည်။

အကြီးဆုံးအဒေါ်သည် သူမပြောသည်ကိုကြားသော် ရက်စက်သည့်အကြည့်တစ်ချက် ပေးလိုက်သည်။ သူမ၏စိတ်ထဲ မည်သည့်အရာများရှိမှန်း သိနှင့်ပြီးသားပင်။

ငါနဲ့ တိုက်ခန်းကို ပြိုင်လုချင်နေတာလား?
ရွာအိမ်ကို လုတုန်းကတောင် မနိုင်သေးတာ၊ မြို့ကတိုက်ခန်းလည်း ရနိုင်မှာတဲ့လား။

ဤအချိန်တွင်တော့ သူမသည် ယဲ့ချင်းကို တစ်ခြားနေရာရှာရန် မပြောနိုင်တော့ပေ။ သူမ ဤနေရာတွင် နေနိုင်ပါသည်။ သူမအတွက် တစ်ခန်းပေးရသည်က အပန်းမကြီးပေ။ သို့ပေမဲ့ ရောဂါရှိနေသည့် သူမနှင့် အတူတူနေရမည်ကိုတော့ စိုးရိမ်မိသည်။
ထို့အပြင် သူမ၏သားနဲ့ မမွေးဖွားရသေးသည့် မြေးလေးလည်း ရှိနေသေးသည်။

အကြီးဆုံးအဒေါ်သည် အံကိုကြိတ်ကာ ပြောလိုက်သည်။
"အို၊...သနားစရာကောင်းတဲ့ကလေး။
အသက်ငယ်ငယ်လေးနဲ့ ဘယ်နဲ့ကြောင့် ရောဂါရလာရတာလဲကွယ်? အေး၊ သမီးရဲ့ရောဂါနဲ့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်လိုတယ်လို့ ကြားတယ်။
သမီး ဒေါ်ကြီးတို့နှင့် အတူနေဖို့ အဆင်မပြေလောက်ဘူး။
ဒီလို လုပ်ရင်ရော? သမီးရဲ့ ဝမ်းကွဲတို့ကို ပြောင်းခိုင်းလိုက်မယ်။
သမီး ဒီမှာ တစ်ယောက်တည်းနေရင် သမီး တိတ်တိတ်ဆိတ်ဆိတ်နေနိုင်တော့ ပိုအဆင်ပြေသွားတာပေါ့။
ဒီရက်တွေမှာ သမီး အကူအညီလိုရင် ဒေါ်ကြီးကို ဖုန်းခေါ်လိုက်နော်။
ဒေါ်ကြီးလုပ်ပေးနိုင်သရွေ့ အကုန်ကူညီပေးမယ်နော်။"

ယဲ့ချင်းသည် ကျေးဇူးတင်စွာပြုံးလိုက်ပြီး "ဒေါ်ကြီး၊ ကျေးဇူး အများကြီးတင်ပါတယ်။"

•.•

အန်းအန်းမှာ ပြောစရာရှိပါတယ် :
ပထမ အဒေါ်ဆိုတာ ထောက်နေတဲ့အပြင် Etransမှာလည်း Big Auntလို့ ပြောင်းသုံးထားပါတယ်။
ဒါကြောင့် အကြီးဆုံးအဒေါ်နဲ့ပဲ ခရီးဆက်ကြတာပေါ့။
ဒေါ်ကြီးဆိုတဲ့ အသုံးအနှုန်းက မလှဘူးမလား။ သူနဲ့ တန်ရာတန်ရာပေါ့။ ^^

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now