ဒီလိုအနေအထားနှင့် ဖိနှိပ်ချုပ်ချယ်သည့်အရှိန်အဝါက ဘယ်လိုအချိန်ဘယ်လိုပဲပြောင်းလဲပါစေ လင်ရှီးကျင့်သားမရသေးပေ။

    သူ့ရဲ့နှုတ်ခမ်းထောင့်တွေက တင်းကြပ်သွားပြီး ချင်ရှောင်းကိုလွှတ်ပေးဖို့ပြောရန် သူ့နှုတ်ခမ်းတွေကိုဟဖို့ တွေးရုံပဲရှိသေး လင်ကျင့်ကစိုးရိမ်တဲ့အကြည့်တွေနှင့်ကူးခတ်လာတာကို မျက်လုံးထောင့်ကနေတွေ့လိုက်ရ၏။

    ကြောက်လန့်မှုကြောင့် တုန်ယင်နေတာတောင် ငါးကန်ထဲကရေသူလေးက လင်ရှီးကိုကူညီဖို့ကူးခတ်လာတုန်းပင်။

    သူ့ရင်ထဲမှာပြည့်နေတဲ့ဒေါသတွေက တစ်ခဏချင်းပြန်ဆုတ်ခွါသွား၏။

    သူတစ်ပါးရဲ့ထမင်းကိုစား၊ သူတစ်ပါးရဲ့အိမ်မှာနေလျှင် ကောင်းကောင်းဆိုးဆိုးဦးညွှတ်ရမည်ဆိုတဲ့ အမှန်တရားကိုအစောကြီးထဲကနားလည်ထားရမှာဖြစ်သည်။

    လင်ရှီးခေါင်းကိုငုံ့လိုက်ပြီး ခဏအကြာတွင်ပြန်မော့လာ၏။ သူ့အမူအယာကအစောကနှင့် တော်တော်လေးကွာခြားသွားပေပြီ။

    အလွန်အမင်းခုခံနေမှုလည်းမရှိတော့ပေ။

    "ကျွန်တော့်ကိုယ်ကျွန်တော် လင်ရှီးလို့နာမည်ပေးထားတယ်၊ သူ့နာမည်ကတော့လင်ကျင့်။ ကျွန်တော်ကသူ့ကို ကျွန်တော့ညီလေးလို့သတ်မှတ်ထားတာ။ ခုနကခင်များမြင်လိုက်တာကအပျော်သဘောပါပဲ"
လင်ရှီးချင်ရှောင်းကိုတည့်တည့်ကြည့်လိုက်၏။ သူ့လေသံကရှင်းလင်းနေပြီး နှိမ့်ချခြင်းနှင့်အထက်စီးဆန်ခြင်းတစ်ခုမှမပါပေ။

     ချင်ရှောင်းလင်ရှီးကိုကြည့်လိုက်၏။ သူမသိလိုက်ခင်မှာပဲရေသူလေးက သူ့ကိုယ်သူနာမည်ပေးခဲ့သည်။ ကြည့်ရတာသူ့မှာ အားကောင်းတဲ့သင်ယူလေ့လာနိုင်စွမ်းရှိပုံပင်။

    လင်ကျင့်ကငါးကန်ထဲမှာရှိနေပြီး ရေခဲရိုက်မျက်နှာနှင့်စစ်ဝတ်စုံဝတ်ထားတဲ့လူက လင်ရှီးကိုနာကျင်စေမှာကိုကြောက်ရွံ့တာကြောင့် ရင်ထိတ်နေမိသည်။

   လင်ရှီးရှင်းပြပြီးတာနဲ့ သူချက်ချင်းပဲခေါင်းကိုထပ်ခါထပ်ခါငြိမ့်ပြလိုက်သည်။

The Villain Dressed As a Little MermaidWo Geschichten leben. Entdecke jetzt