50 . မို့ရွှမ်မင်၏ သရုပ်မှန်

Start from the beginning
                                    

ထို့နောက် သူမသည် ဖန်ယုရှောင်နှင့် သင့်လျော်သောအကွာအဝေးကို လှမ်း၍ နောက်ပြန်ဆုတ်သွားခဲ့သည်။သူမ၏ အပြုအမူသေးသေးလေးသည် အခြားအမျိုးသမီးများထံမှ အကြည့်များ ပြေလျှော့သွားပြီး ကျေနပ်သွားပုံရလေသည် ။

ထိုအမျိုးသမီးများ၏  ရန်ငြိုးဖွဲ့မှုသည် သူမရဲ့အပြုအမူကြောင့် သူမအပေါ် အမြင်မကြည်သော ကြည့်တဲ့ပုံစံက ပျော့ပျောင်းသွားတယ်။

တတိယသခင်မလေးမိုက ကောလဟာလတွေနဲ့မတူဘဲ သူမဟာ အရည်အချင်းမရှိ၊ ဖောက်ပြန်တာ ဒါမှမဟုတ် မာနမကြီးပါဘူး။ တကယ်တော့ ပထမဆုံးသခင်မလေးမိုရဲ့ ဒီနေ့လုပ်ရပ်တွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းမတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့ အရာမဟုတ်ဘူး ။ 

ကောလဟာလတွေ !

မိုမိသားစုမှာ ကိုယ်လုပ်တော်က အုပ်စိုးနေပြီး ကိုယ်လုပ်တော်ရဲ့သမီးက မာနကြီးပြီး အိမ်တော်ကို ကြီးစိုးနေတယ် !

သူတို့အားလုံးက အဓိကတရားဝင်သမီးတွေဖြစ်ပြီး သူတို့အမေတွေက သူတို့အဖေရဲ့ တရားဝင်ဇနီးအစစ်တွေဆိုတာ သူတို့အားလုံး သိကြတယ် ။ အိမ်တော်များတွင် အနည်းနဲ့အများဆိုသလို တရားဝင်ဇနီးများသည် အဆင့်အတန်းမြင့်မားသော်လည်း အိမ်တော်သခင်ကြီး၏ရင်ထဲတွင် ကိုယ်လုပ်တော်များ၏ ချိုမြိန်သော အပြုံးနှင့် မယှဉ်နိုင်ပေ

ကိုယ်လုပ်တော်.......... 

ထိုခါးသီးမှုက အဓိကတရားဝင်သမီးတွေပဲ နားလည်နိုင်တဲ့အရာပါ။  သူတို့အားလုံးသည် ဤမညှာမတာပုံစံဖြင့် တွေးတောခဲ့ကြပြီး အချို့အမျိုးသမီးများသည် မို့ရွှီတုန်းကို နွေးထွေးဖော်ရွေသောပုံစံဖြင့် ကြည့်လာကြသည်။  တစ်ချို့က သူမကို အကာအကွယ်တွေတောင် ပေးချင်လာကြတယ် ။ 

"တတိယသခင်မလေး စိတ်မပူပါနဲ့။ မင်းရဲ့အစ်မအကြီးဆုံးက ခဏအတွင်း သတိပြန်ရလာနိုင်တယ်။ ရာသီဥတုက ပူတဲ့အတွက် သူမက အပူဒဏ်ကို မခံနိုင်ပဲ သတိလစ်သွားတာ ဖြစ်မယ် " 

တစ်စုံတစ်ယောက်သည် သူမ၏ ဖြူဖျော့ဖျော့နှင့် စိုးရိမ်နေသော မျက်နှာကို မြင်ပြီး သူမအား နှစ်သိမ့်ပေးခဲ့သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now