ချဥ်စူးစူးအနံ့တစ်ခုက နှခေါင်းဝမှာမအီမသာဝင်လာခဲ့ပြီး ပျို့သလို မူးသလိုလိုတောင်ဖြစ်သွားမိသည်အထိ အနံ့ကဆိုးဝါးနေသည် ။
"မင်းညက ငါ့အဝတ်တွေပေါ် အန်ချထားတာ ငါညကရေနှစ်ခါချိုးလိုက်ရတယ် ဒါတောင်အနံ့တွေက စွဲနေတုန်းဘဲ ''
".........''
"ငါ့အဝတ်တွေ မင်းပြန်လျှော်ပေးရမယ် ၊ သေချာပြောင်အောင် လျှော်နော် မဟုတ်ရင် မင်းအိမ်ပြန်ရမယ်မထင်နဲ့ ထမင်းလဲ မစားနဲ့ ကြားလား!''
"ဟုတ်ကဲ့ ကိုကို သားကြားပါတယ်''
"ဟိုဘက်မှာ ရေချိုးခန်းရှိတယ် အခုသွားလျှော်!''
"ဟုတ်.....''
မြူဒေါင်း အိပ်ရာနိုးကတည်းက ခေါင်းအတော်လေးထိုးကိုက်နေတာပင် ။ မတ်တပ်ထရပ်ဖို့တောင် အတော်အားယူလိုက်ရသည် ။ ကိုကို့စကားမို့ သူအတွန့်မတက်ရဲပါ ။ ရေချိုးခန်းထဲ ဝင်ထိုင်ပြီး အဝတ်တွေကို ဆပ်ပြာနဲ့သေချာတိုက်ပွတ်ပေးလိုက်သည် ။ လက်ချောင်းတွေက ရေနူးသွားတဲ့အထိ လျှော်ဖွပ်ပေးနေရာက အဝတ်လှမ်းဖို့ရာ လိုက်ရှာနေမိ၏ ။
"ဘာရှာနေတာလဲ! အဝတ်လျှော်ပြီးပြီလား''
"ဟို....ဘယ်နေရာလှမ်းရမလဲဟင်!''
"အဲ့ထဲမှာ အဝတ်လှမ်းတဲ့ဟာမတွေ့ဘူးလား''
"ဟုတ် မသိလို့ တောင်းပန်ပါတယ် ''
"ကျစ်! စောက်သုံးကိုမကျဘူး အမြန်လုပ်ပြီးလာခဲ့''
မြူဒေါင်းက ကိုကိုစကားကို နားထောင်ပါသည် ။ အမြန်ပြီးသွားတော့ ကိုကို့စီပြေးရတော့သည် ။ ကိုကိုက အချိန်တိုင်းသူ့ကို အထင်သေးနေတတ်သည် ။ အမြဲတမ်းပဲ ဆူပူနေတတ်ပေမဲ့ စိတ်ရင်းလေးတော့ ကောင်းရှာပါသည် ။ သူ့ကို ကိုကိုဆူတိုင်းလည်းဝမ်းနည်းရသည် အော်ရင်လည်း စိတ်မကောင်းဖြစ်ရပါသည် ။
"ကိုကို....သားညကလေ တကယ် မသိလိုက်လို့လုပ်မိတာပါ သားကို ခွင့်လွှတ်ပါနော်''
"ဟွန်း! မင်းကိုငါတက်လုပ်ပြီး ပြန်တောင်းပန်ရင်ကော ရမလား!''
"ဗျာ.....''
"ငါပြောတာ မှားလို့လား မင်းလုပ်ချင်တိုင်းလုပ်ပြီး ဒီလိုတောင်းပန်လိုက်ရုံနဲ့ ပြီးသွားရောလား''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။