Hunted Doll🧸-2(Z+U)

360 47 18
                                    

(Zawgyi)

Crystal မှာတော့ ပြာလဲ့ရောင်အလင်းတန်းလေးထဲသို့ Lyliရဲ့ တွန်းပို့ခြင်းကို ခံလိုက်ရပြီး မျက်စိတမှိတ်အတွင်းမှာပင် တောအုပ်တစ်ဖက်ရှိ မြက်ခင်းပြင်ပေါ်သို့ ရုတ်တရက်ပြုတ်ကျ၍ ပြန်ရောက်လာခဲ့သည်။

"ahh...နာလိုက်တာ။.....ဘုရားရေ ငါဒီကို ဘယ်လိုပြန်ရောက်လာတာလဲ။Lyliကရော...Lyli"

"oh shitt...,ဘာကောင်ကြီးလဲ"

ဖင်ထိုင်လျှက် ပြုတ်ကျနေရာမှ ကုန်းရုန်းထ၍ Lyliကို ရှာရန် တောအုပ်ထဲသို့ တစ်ဖန်ပြန်ဝင်မည်ပြုစဉ် တောအုပ်စပ်ရှိ သစ်ပင်ပေါ်မှ ရုတ်တရက် တွဲလျောင်းပြုတ်ကျလာသည့် အလောင်းကောင်ကြီးကြောင့် လန့်ကာဖြန့်ကာ အိမ်ကိုပဲ တစ်ချိုးတည်းပြန်ပြေးခဲ့ရသည်။
ကျယ်ပြောလှသည့် အစိမ်းရောင်မြက်ခင်းပြင်ကြီးကို ဖြတ်ကျော်ပြီး အိမ်သို့ ပြန်ရောက်လာခဲ့သည်။
အိမ်ထဲကို ဝင်လိုက်သည်နှင့် ဧည့်ခန်းအတွင်း၌ တယ်လီဗီးရှင်းမှ အပတ်စဉ် ထုတ်လွှင့်ပြသလေ့ရှိသော အစီအစဉ်တစ်ခုကို ထိုင်ကြည့်နေသည့် Loganကို တွေ့ရသည်။

စက္ကူဘူးလေးထဲမှ ထောပတ်ပေါက်ပေါက်များကို လက်နှင့်အပြည့် ဆုပ်ကိုင်၍ ပါးစပ်ထဲသို့ မဆန့်မပြဲ အားရပါးရသွတ်သွင်းကာ စားရင်း တဝါးဝါးရယ်နေသည့် Logan ဟာ မျက်လုံးထဲမှာတော့ စိတ်ပျက်ဖွယ်ရာ စိတ္တဇကောင်ကြီးနှင့် တူနေသယောင်ပင်။ထို့ကြောင့် Loganအနားသွားမည့် ခြေလှမ်းများကို အပေါ်ထပ်ကိုသွားမည့် လှေကားများဆီသို့သာ လမ်းလွဲလိုက်ပါ​၏။

ရှည်လျားလှသည့် လှေကားများကို ငြီးငွေ့စွာတက်ရင်း လှေကားအဆုံးရှိ သူမ​၏ အိပ်ခန်းကို ရောက်လာခဲ့သည်။အခန်းတံခါး​၏ ညာဘက်တွင် ချိတ်ဆွဲထားသော ပန်းချီကားကို သူမသတိထားမိပြန်​၏။ပန်းချီကားထဲရှိ ထိုမိန်းမပျိုဟာ Lyliနှင့်လွန်စွာ တူလှသည်။Lyliဝတ်လေ့ဝတ်ထရှိသော ဖြူနွမ်းနွမ်းဂါဝန်၊သူမနှင့် တွေ့ဆုံကြသည့်အခါတိုင်း လက်ထဲမှ မချတမ်း ကိုင်ထားတက်သည့် ထိုမီးအိမ်...Lyliနှင့် ဆက်နွယ်သမျှ အရာတိုင်းဟာ ဤပန်းချီကားထဲရှိ မိန်းမပျိုလေးတွင်လည်း ရှိနေပြန်​၏။

Crystal ထိုပန်းချီကားထဲရှိ မိန်းမပျိုလေးကို အချိန်ကြာမြင့်စွာ ကြည့်နေမိသည်။ရုပ်ပုံတစ်ခုသာ ဖြစ်ပါသော်လည်း အသက်ဝင်ပီပြင်လွန်းလှသည့် မျက်ဝန်းများဟာ နာကြည်းမှုများနှင့် အမုန်းများပြည့်လျှံနေ​၏။ဤပန်းချီကို မည်သူရေးဆွဲလို့ ဤပန်းချီကားထဲရှိ မိန်းမပျိုကရော အမှန်စင်စစ်မည်သူ ဖြစ်လိမ့်မည်နည်း....။

The Death Note Of Crystal Where stories live. Discover now