A Monster Inside The Coffin⚰️(Z+U)

315 56 6
                                    

(Zawgyi)

"Ah shitt ဒီတစ်ယောက်နဲ့တော့ ငါသေတော့မှာပဲ"

Crystal မကြားနိုင်အောင် ခပ်တိုးတိုးညည်းတွားရင်း တဖက်သို့အမြန် မျက်နှာလွဲလိုက်ရ​၏။Lyliကသာ ဆောက်တည်ရာမရဖြစ်နေပါသော်လည်း Crystal ကတော့ Lyliရဲ့သစ်သားအိမ်မှာရှိနေရ
တာဟာ သူမအတွက် နွေးထွေးပြီးလုံခြုံသည်ဟုပင် ထင်နေရော့သလားမသိ၊အေးဆေးစွာပင် အဝတ်များကိုလဲလှယ်နေလေ​၏။

"ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီးနင်နှာခေါင်းသွေးတွေလျှံကျလာတယ်,နေမကောင်းဘူးလား"

"ar...အဲ့ဒါက...ငါစွမ်းအားတွေကျနေလို့ဖြစ်မယ်၊သိတယ်မလား ငါတို့အထက်အဆင့်တွေမှာလည်းစွမ်းအားတွေကိုယ်စီရှိကြတယ်လေ"

"ဟုတ်ပါပြီ..ဒါပေမဲ့ဘာလို့ ရုတ်တရက်ကြီးစွမ်းအားကျရတာလဲ"

"umm.."

စစ်စစ်ပေါက်ပေါက်မေးနေသည့် Crystalရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေဖို့ရာ အကျပ်ရိုက်နေစဉ် မျက်ဝန်းထဲတွင် အမြင်အာရုံတစ်ခုပေါ်လာ​၏။ထိုအရာကတော့ Aeronဟာ စိုးရိမ်ကြီးနေသောပုံနှင့် သူမရဲ့ သစ်သားအိမ်လေးဆီသို့ စွမ်းအင်ထုတ်ကာ တရကြမ်းလာနေသည့် ပုံရိပ်ပင်ဖြစ်သည်။ထိုအမြင်အာရုံ ပျောက်ကွယ်သွားသည်နှင့် Lyliဟာ ပျာယာခတ်သွားပြီး Crystal ကို တလှည့်ကြည့်၍ အပူကြီးပူပန်မိတော့သည်။ထို့ကြောင့် နှုတ်မှ မန္တန်တစ်ခုကို ရွတ်လိုက်သည်။Lyliရဲ့ မန္တန်ဆိုသံအဆုံး၌ ချက်ချင်းဆိုသလို Crystal ​၏ နောက်ကျောဘက်တွင် ပြာလဲ့သော အရောင်များတောက်ပနေသည့် အလင်းတန်းလေးတစ်ခု ပေါ်လာသည်။ထိုအလင်းတန်းလေးပေါ်လာသည်နှင့် Lyliဟာ မဆိုင်းမတွဘဲ ထိုအလင်းတန်းအတွင်းသို့ Crystalအားတွန်းပို့လိုက်သည်။တွန်းပို့ခြင်းခံလိုက်ရသည့် Crystal ဟာ အပြာရောင်အလင်းတန်းလေး အတွင်းဝင်ရောက်ကာ ပျောက်ကွယ်သွားရှာ​၏။

ဝုန်း!!!!!

"Lyliii!!!"

"ohhh Areon,ဘာကိစ္စရှိလို့ ရောက်လာတာလဲ"

"မင်းရဲ့အကူအညီလိုတယ်"

"အကူအညီ? Whoa..ဒုတိယအဆင့်မြောက် အထက်သခင်က ကျွန်မရဲ့ အကူအညီလိုတယ်ဆိုပါလား...နားကြားလွဲတာတော့မဟုတ်ဘူးမလား။ဒါမှမဟုတ် ဟာသအနေနှင့် ပြောလိုက်တာလား။ဟာသပြောတာဆိုရင်တော့ သိပ်ပြီး ရယ်စရာမကောင်းဘူးပဲနော်"

The Death Note Of Crystal Where stories live. Discover now