🐌Slug Demon(Z+U)

1.7K 133 33
                                    

(Uni)

ဒီနေ့အတွက်တော့ကောင်းတဲ့အရာတွေပဲဖြစ်လာဖို့မျှော်လင့်မိတယ် ဘာလို့ဆိုရာသီဥတုကလည်းအရမ်းသာယာနေပြီး လက်ဆတ်တဲ့လေညှင်းတို့ကလည်းသာသာယာယာတိုက်ခတ်နေတယ် ဒီလိုကောင်းတဲ့ရက်ကလေးမှာအဆိုးတွေမကြုံလာဖို့မျှော်လင့်မိတာတော့မဆန်းဘူးမဟုတ်လား။
ထုံးစံအတိုင်းDaddyပြင်ပေးတဲ့မနက်စာကိုစားပြီးစကားစမြည်ပြောဖြစ်ကြသည်။အကြောင်းအရာတွေကတော့တစ်ခုထဲမဟုတ် ရောက်တက်ရာရာကိုဆက်မိဆက်ရာလျှောက်ပြောနေကြတာကများသည်။

"ဒါနဲ့လေအိမ်ရဲ့ဘေးကမြက်ခင်းပြင်မှာThor ကမြေကြီးတွေကိုတူးဖွထားတယ်"

"ကောင်ဆိုးလေးကသူ့သိပ်ကြိုက်တဲ့အရိုးတွေကိုဖွက်ထားချင်လို့ဖြစ်မှာပေါ့"

"ဒါပေမဲ့Daddyရယ်သမီးကသဘောကျတဲ့မြက်ခင်းပြင်ပေါ်မှာဒီလိုတူးဖွထားတာတော့ဘယ်ကြိုက်မလဲ"

"Daddyပြီးကျရင်သေချာပြန်လုပ်ပေးပါမယ်ကွာ"

"Thorကိုနည်းနည်းပါးပါးတော့ဆုံးမမှဖြစ်မယ်ထင်တယ်"

"ဘာလို့လဲ Crystal ရဲ့သူကခွေးဆိုတော့မသိလို့လုပ်တာပဲဟာ"

"Thorကအရင်လိုသမီးရဲ့စကားကိုတောင်နားမထောင်တော့ဘူး"

"ဟုတ်ရဲ့လား"

"ဟုတ်ပါ့ဆိုDaddyရယ် ဟိုတစ်နေ့ကသူဗိုက်ဆာတော့သမီးအနားကိုလာကပ်ပြီးအစာတောင်းတယ် ဒါနဲ့သမီးလည်းအစာချကျွေးလိုက်တာပေါ့ ပြီးတော့လေသူကဗိုက်လည်းဝသွားရော သမီးခေါ်တာတောင်ပြန်လှည့်မကြည့်ဘဲထွက်သွားတာ ကဲကြည့်ဘယ်လောက်အမြင်ကပ်ဖို့ကောင်းလိုက်သလဲ"

Crystalရဲ့စကားကိုကြားမိတော့Loganကအားပါးတရထပြီးရယ်လေတယ်။ဟုတ်ပါရဲ့Crystal ကိုကြည့်ပါအုံးခွေးလေးတစ်ကောင်ကသူ့ကိုအဖက်မလုပ်ဘဲထွက်သွားတဲ့အကြောင်းကို စီကာပတ်ကုံးပြောပြပြီးတိုင်တန်းနေလိုက်တာများကလေးတစ်ယောက်ကျနေတာပဲ။

"Daddyကဘာလို့ရယ်တာလဲ သမီးကအကောင်းပြောပြနေတဲ့ဟာကို"

"ကိုယ့်ကိုကိုယ်ဘာပုံဖြစ်နေလဲဆိုတာကိုရောသတိထားမိရဲ့လားCrystal ဘယ်နှယ့်ကွာကလေးကျနေတာပဲ"

The Death Note Of Crystal Where stories live. Discover now