အပိုင်း(၆၃)

Start from the beginning
                                    

သူ ခံစားနေရတာ ကောင်းနေတာမဟုတ်မှန်း ရှင်းလင်းနေတာတောင်မှ

သူတို့ စံအိမ်ကိုရောက်တဲ့အချိန်မှာတော့ သူမေ့လဲသွားတော့သည်

* * *

စံအိမ်ကိုပြန်တဲ့လမ်း၌ ခွန်းက သူမကိုပြောလေသည်
[ငါတို့ စံအိမ်ကိုရောက်တဲ့အချိန်ကျရင် မှူးမတ်ကတော် အယ်လိစီယာကို Madecassolဆိုတဲ့ဆေးနာမည်ပြောလိုက် အဲ့ဟာက အဆိပ်ကို ချက်ချင်းပြေစေတယ်]

သူသတိမလွတ်ခင် သူမအား အကြမ်းဖျင်း ပြောခဲ့ပုံရသည်

မှူးမတ်ကတော် အယ်လိစီယာက ဆေးကိုမြန်မြန်ရှာလိုက်ပြီး အလျင်လိုနေတဲ့ဆရာ၀န်ဆီ ဆေးကို ပေးလိုက်သည်
"အဆိပ်က သူခံနိုင်ရည်အားနဲ့ ဖြေဆေးကျေးဇူးကြောင့် တည်ငြိမ်လာပြီ သူ တရက် နှစ်ရက်လောက်ဖျားလိမ့်မယ် ဒါပေမဲ့ သူက ပြင်းထန်တဲ့အခြေအနေမှာတော့မဟုတ်ဘူး ဒါကြောင့်စိတ်မပူပါနဲ့"

ထိုစကားတွေကြားပြီး သူမစိတ်သက်သာရာရသွားသည် ဆရာ၀န်ပြောသလိုပဲ ခွန်းမှာ အပြင်းအထန်ဖျားလေသည်

မှူးမတ်အယ်လိစီယာက စိတ်ပူတဲ့မျက်နှာနှင့်
"ဒီအဖြစ်အပျက်ကြောင့် ရှင် အံဩသွားမှာပဲ ဒါကြောင့် အနားယူလိုက်ပါအုမ်း ကျွန်မ ဒီမှာစောင့်ပြီး အရှင်ခွန်းကို စောင့်ရှောက်လိုက်ပါမယ်"

"မဟုတ်ဘူး သူက ကျွန်မကို ကူညီခဲ့တာကြောင့် ဒီလိုဖြစ်လာရတာ သူ့ကို ဂရုစိုက်ပေးသင့်တာ ကျွန်မပဲဖြစ်သင့်ပါတယ်"

သူမကိုကူညီပေးခဲ့တဲ့တစ်စုံတစ်ယောက်အတွက် ဒါလုပ်ပေးတာ သဘာ၀ကျပါတယ်

အိပ်ရာထဲမှာလဲနေတဲ့ ခွန်းဘေးသို့ သူမထိုင်ခုံတစ်ခုယူလိုက်ပြီး ထိုင်ချလိုက်သည် သူ့နဖူးပေါ် အေးပြီး ရေစိုနေတဲ့ ပဝါကို တင်လိုက်ချိန်၌ ခွန်းမျက်လုံးတွေပွင့်လာသည်
"ဝိုး မင်း ငါ့ကိုပြုစုနေတာလား"

"ကျွန်မကိုကယ်ခဲ့တဲ့လူကို ပစ်ထားရတဲ့အထိ ကျွန်မက အရမ်းရိုင်းစိုင်းတာမျိုးမဟုတ်ပါဘူး"

"ငါသိပြီ ဒါဆို ငါ့ကိုငြင်းခဲ့တဲ့သူတစ်ယောက်ကို ကူညီရတာ ထိုက်တန်တာပဲ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now