Hyung🌙

1.3K 143 34
                                    

Unicode

မိုးအကုန်ဆောင်းဝင်ခါနီးအချိန်ဖြစ်တာကြောင့် မျက်နှာထက်တို့းဝှေ့နေသော မနက်ခင်းလေနုများသည် အနည်းငယ်အေးမြမြဖြစ်နေသည်။ဆော့ဂျင်တို့မိသားစု မွေးရပ်မြေရပ်ဖြစ်တဲ့ ဂွာချွန်းဘက်ကိုသွားနေကြခြင်းဖြစ်သည်။ ညသန်းခေါင်ကျော်အချိန်လောက်က ဝင်လာခဲ့သော ဖုန်းကောလ်တစ်ခုကြောင့်ဖြစ်သည်။

ဆော့ဂျင်မနေ့ညက သီတင်းကျွတ်အပျော်ဆိုပြီး လိုင်းပေါ်မှာသူငယ်ချင်းတွေနဲ့ မေးခွန်းမေးတိုင်းကစားကြရင်း ညတစ်နာရီထိုးမှအိပ်ဖြစ်သည်။ ညနှစ်နာရီခွဲကျော်လောက်တွင်တော့ ဆော့ဂျင်တို့အိမ်လေးမှ ဖုန်းရိန်းတုန်းအသံလေးက ​ပျံ.လွင့်လို့လာသည်။ ဆော့ဂျင်တို့ ဉီးလေးဆုံးသွားပြီဆိုတဲ့ သတင်းလှမ်းပေးလာခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်ရက်ခန့်ကမှ ဆော့ဂျင်နဲ့တွေ့ပြီး စကားပြောခဲ့သေးသည်ကြောင့် ဆော့ဂျင်မှာကြားကြားချင်းမယုံနိုင်ဖြစ်ခဲ့ရသေးသည်။ နှလုံးအမောဖောက်ပြီး မိနစ်ပိုင်းအတွင်း ဆုံးသွားသည်​ကြောင့် ထွေထွေထူးထူးတော့ မခံစားလိုက်ရပေ။ အမေကတော့ မောင်နှမတွေကြားအသက်အငယ်ဆုံးဖြစ်သည့်အလျောက် သူ့မောင်နှမတွေဆုံးတိုင်း အကြီးအကျယ်ငိုကြွေးလေ့ရှိသည်။ အင်း.. အမေငိုတာမြင်တော့ ဆော့ဂျင်လည်းမျက်ရည်ဝဲမိသွားသေးတယ်။

ညဖုန်းလာတဲ့အချိန်တည်းက ပြန်အိပ်လို့မရတော့တာကတစ်ကြောင်း တစ်နာရီလောက်ကမှအိပ်ထားသည်ကတစ်ကြောင်းဖြစ်တာကြောင့် အိပ်ရေးမဝဖြစ်ကာ ဆော့ဂျင်မျက်လုံးများအလွန်းမှေးစင်းကာ အိပ်ချင်နေမိသည်။ တိုက်ခေတ်နေသော လေနုအေးအေးလေးကြောင့် ဆော့ဂျင်ကားပေါ်တွင်ခတ္တအိပ်စက်ဖို့ဆုုံးဖြတ်လိုက်သည်။

                                 >>>>

ဆော့ဂျင်တို့ဂွာချွန်းအိမ်ကိုရောက်တော့ အမျိုးတော်တော်များပင် ရောက်လို့နေသည်။ ဆော့ဂျင်ကတော့ လူများရင် မနေတက်သည်ကြောင့် အိမ်နောက်ဖေးခန်းကိုသာ လျှောက်လာလိုက်သည်။ နည်းနည်းကြာတော့ ဆော့ဂျင်တို့အမေရဲ့အကိုအကြီးဆုံးရောက်လာသည်ကြောင့် ထပ်မံငိုကြပြန်သည်။ ဆော့ဂျင်၏အကျင့်က တစ်စုံတစ်ယောက် ကိုယ့်မျက်စိရှေ့တွင် ငိုကြွေးနေတာတွေ့တိုင်း ကိုယ်ပါလိုက်ငိုချင်သလိုဖြစ်လာသည်ပင်။

KookJin one shortHikayelerin yaşadığı yer. Şimdi keşfedin