အပိုင်း(၆၂)

Start from the beginning
                                    

'အင်း ဒီလိုကိစ္စတွေအတွက် ခွန်းလောက် သိတဲ့သူ ရှိမှာမဟုတ်ဘူး'

'ဒီနေ့တော့ သူ့ကိုအပြည့်အ၀အသုံးချလိုက်ရအောင်'

လက်တွေ့နဲ့ချိန်ညှိလိုက်ပြီး ခွန်းနောက် တည်ငြိမ်စွာလိုက်သွားလေသည်

တောအုပ်က သူမထင်ထားတာနဲ့ လုံး၀ကို ကွာခြားလေသည်
“ကြည့်ရတာ သာမန်တောအုပ်တစ်အုပ်လိုပါပဲ”

စစ်မြေပြင်မှာ အန္တရာယ်များတဲ့အပင်တွေအများကြီးရှိတယ်လို့ သူမကိုပြောကြသည် ဒါကြောင့် သူမထင်တာက ထက်ရှတဲ့သွားတွေနဲ့ အပင် ဒါမှမဟုတ် အဆိပ်တွေ တတောက်တောက်ကျနေတဲ့ ပန်းပင်‌ တွေ ဖြစ်မယ်လို့ ထင်ထားတာဖြစ်လေသည်

ဒါပေမဲ့ တောအုပ်က အရမ်းအေးချမ်းပုံပေါက်နေလေသည် သူမမြင်တာအားလုံးက အစိမ်းနုရောင် မြက်တွေနှင့် ချစ်စရာပန်းတွေ အစိမ်းရောင်သစ်ပင်တွေကနေ အရွက်တွေများတဲ့ချုံပုတ်တွေအထိ အပင်အမျိုးမျိုးဖြစ်လေသည်
'ကြောက်စရာကောင်းတယ်ဆိုတာနဲ့ တော်တော်မတူတာပဲ အရောင်အသွေးတောက်ပတဲ့ အပင်တွေအများအပြားနှင့် ပြည့်နှက်နေတာက တောအုပ်ကို လှပတဲ့ဓာတ်ပုံတစ်ခုနဲ့တူစေတာပဲ'

ခွန်းက လျှာကိုကိုက်ပြီး သူမကိုကြည့်ကာပြောလေသည်
"မင်း အမြင်နဲ့ အရူးလုပ်မခံနဲ့ တောအုပ်က သိမ်မွေ့တယ်ထင်ရပေမဲ့ မင်းကို စားမဲ့အပင်တွေ ဒီမှာ အများကြီးပဲ"

ခွန်းက မြေပြင်က ကျောက်တုံးကိုကောက်ကာ ပစ်လိုက်သည် ကျောက်တုံးက နေကြာပန်းနဲ့တူတဲ့ အဝါရောင်ကို ထိသွားတဲ့အခါ ‌အဝါရောင်ပန်းက သူ့ဘာသာ ပါးစပ်ကိုဖွင့်သလို ဟလာပြီး ကျောက်တုံးကို မြိုချလိုက်လေသည်

ခရက်

လက်ဆက်တဲ့ အစာဝါးသံတစ်ခုထွက်လာလေသည်

“…..”

ဒီလိုမြင်ကွင်းမျိုး အရင်ကမမြင်ဘူးတာကြောင့် သူမအရမ်းတုန်လှုပ်မိသွားသည် အသံတစ်ခုတောင်မထွက်နိုင်ပေ

အံဩသွားတဲ့မျက်နှာနှင့် စကားထစ်သွားတာ တစ်မိနစ်ပင်မကြာလိုက်ပေ

"ဘာ ဘာ‌ကြီးလဲ အခုလေးတင် ဘာဖြစ်သွားတာလဲ"

"ဘာဖြစ်သွားတယ်ဆိုတာ မင်းမြင်လိုက်တာပဲ ဘာလို့မေးနေရတာလဲ အပင်က မုန့်တစ်ခု ရသွားတာလေ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now