5 Unicode

797 83 3
                                        

" အယ် ကိုကိုရောက်နေပြီလား "

" အင်း "

စာမေးပွဲပြီးကတည်းက မတွေ့တာကြာပြီဖြစ်နေပေမယ့် အကိုက သိပ်ချောလာတာ . အရင်လို ချာတိတ် ချာတိတ်ဆိုပြီး တတွတ်တွတ်မခေါ်တော့ ကိုကိုလို့ခေါ်ရတာကိုတောင် အားနာလာသလိုလိုပါပဲ

" ဘာကြည့်နေတာလဲ မုန့်ကြိုမှာတော့မလား စောင့်ဦးမှာလား "

" ဟင် ဗိုက်နည်းနည်းဆာနေလို့ မှာထားလိုက်မယ်လေဖြစ်တယ်မလား Narin က ကြာဦးမှာထင်တယ် "

" ဟုတ်မယ် မိန်းကလေးဆိုတော့ "

ထုံးစံအတိုင်း Narin တို့ရဲ့ဒိတ်အတွက်လိုက်လာပေးရတာကို Narin တို့က ရောက်မလာသေးပဲ ကျွန်တော်နဲ့ကိုကိုနှစ်ယောက်ထဲဖြစ်နေရသည် .
မုန့်တွေကအစ သူကပဲ ဦးဆောင်မှာပေးနေတော့ အစပ်ကလွဲရင် အစားမရွေးတဲ့ ကျွန်တော်ကပဲ ငြိမ်နေပေးလိုက်တော့သည် .

လူနှစ်ယောက်ထိုင်နေတဲ့ ဝိုင်း​ပေမယ့် စကားသံဆိုတာ မရှိ . ကိုကိုက ရောက်ကတည်းက ဖုန်းပဲ အကြည့်မပျက်ဖြစ်နေတော့တာ .

" ကိုယ့်ကို စိတ်ဝင်စားလို့လား "

ဖုန်းကြည့်နေရင်းကပဲ ထမေးလာတာကြီးက ဘယ်လိုမေးခွန်းကြီးလဲ

" ကိုယ်ပြောချင်တာ ကိုယ်ဖုန်းသုံးနေတာကို စိတ်ဝင်စားလို့လားလို့ "

" မဟုတ်ပါဘူး "

" စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်နေလို့ "

" ဒီအတိုင်း "

" ဘာမှမဟုတ်ဘူး Daesoo မှတ်မိလား သူနဲ့ပြောနေရုံတင် "

အာ ထင်တဲ့အတိုင်းပဲဆိုတတော့ ထပ်မပြောဖြစ်တော့ဘူး...အစ်မကိုလိုက်နေတာလား ဒီရှေ့က လူကလေ! မနာလို ပိစိလေးဖြစ်ပေမယ့် သူနဲ့ ကိုယ်က အင်း မဖြစ်နိုင်တာကြီး!

" ဘာဖြစ်သွားတာလဲ ရုပ်က "

အရမ်းသိသာသွားလို့လား . ကိုကို့ကို စိတါဝင်စားလာတာက တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာနေတော့တာပဲ .

" မနေ့ညက ဂိမ်းရှုံးလို့ "

ပြောမိပြောရာ ပြောလိုက်ပေမယ့် ဂိမ်းကလည်း အမှန်တကယ် ရှုံးခဲ့တာပါ . ချက်ချင်းမျက်မှောင်ကုတ်ကာ စာရိုက်နေသော ကိုကို့လက်လေးတွေရပ်သွားပြီး သေချာစိုက်ကြည့်လာကာ

𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰWhere stories live. Discover now