အပိုင်း(၅၈)

Start from the beginning
                                    

လုရှန် ရှုပ်ထွေးသလိုခံစားရသည်

သူခံစားနေရတဲ့ ဒီခံစားချက်က သူအတွက် တကယ်ကို စိမ်းနေလေသည် လုရှန် ကိုယ်ကိုကိုယ် သတိ၀င်အောင်လုပ်လိုက်ပြီး

'နိုးထစမ်း လုရှန်'

'သူမပြောတာတွေကို ဘာလို့ အရမ်း အံဩနေရတာလဲ'

သူမက ရဲရင့်ပြီး ဂရုစိုက်တတ်တဲ့လူစားမျိုး ဒါကြောင့် သူမ ဒီလိုတုံ့ပြန်တာ သူမက ငါ့ကိုမချစ်တာမဟုတ်ဘူး
‘အာ သူ ငါ့ကို အဲ့လိုမျက်နှာနဲ့ ကြည့်နေပြန်ပြီ'

ပါနေးရားမျက်နှာက လုရှန်ကို စိုးရိမ်မှုအပြည့်နှင့် ကြည့်လိုက်ရင်း
“ဘာဖြစ်တာလဲ လုရှန် ရှင့်မျက်နှာက ဖြူဖျော့နေတာပဲ နေမကောင်းဘူးလား"

ပါနေးရားက လုရှန်များ ဒဏ်ရာရှိနေသလား မြင်ရစေရန် သူခန္ဓာကိုယ်ကို ရှာဖွေနေတော့သည် သူမလက်ကို လုရှန်နှာဖူးပေါ်တင်လိုက်ပြီးနောက် သူခန္ဓာကိုယ်မှာ ဘာမှမဖြစ်ကြောင်း လက်ခံသွားတော့သည်

ပါနေးရား လုရှန်လက်ကိုကိုင်လိုက်ပြီး သူမျက်လုံးတွေကို စိုးရိမ်မှုအပြည့်နှင့်ကြည့်နေကာ
"ရှင်ကျွန်မကို ပြောစရာတစ်ခုခုရှိနေလား"

"ပြောစရာရှိရင် ကျွန်မကိုအခုချက်ချင်းပြောပါ ကျွန်မတို့ အချင်းချင်းမကွယ်ဝှက်ပဲ ပြောချင်တာအကုန် ပြောရမယ်လို့ သဘောတူထားတယ်လေ"

လုရှန်က နှုတ်ခမ်းကိုကိုက်လိုက်လေသည် ကျောက်ဖျာအစွန်းအဖျားတစ်ခုနားမှာ တွဲလောင်းကျနေသလို သူ့လက်ကို သူမကကိုင်ထားလေသည် သူမရဲ့ကြည်လင်တဲ့အစိမ်းရောင်မျက်လုံးတွေထဲမှာ သူ့မျက်နှာက ထင်ဟပ်နေလေသည်

လုရှန်က စကားပြောဖို့ တွန်းအားကိုညစ်ထုတ်လိုက်ပြီး
“နေးရား တကယ်က ”

“အင်း?”

ပါနေးရားကခေါင်းကို ညိမ့်လိုက်သည် လုရှန်က တုန်ရင်နေတဲ့အသံနှင့်
"အရှင်ကပြောတယ် မင်း ဆန္ဒရှိရင် ကိုယ်နဲ့လိုက်သွားလဲ အဆင်ပြေတယ်တဲ့"

"ကျွန်မကို ရှင်နဲ့လိုက်သွားစေချင်တယ်"

တကိုယ်ကောင်းဆန်တဲ့ တောင်းဆိုချက်ဆိုတာ သူသိပါသည် ကလေးတစ်ယောက်လိုပြုမူနေမိမှန်းလဲသူသိပါသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now