အခန်း(၁၅)

En başından başla
                                    

ဒေါ်မေဖြူစင်၏ တွေးဆဆပြောဟန်ကလေးက ဝေ့မျက်လုံးထဲ ကြည့်လို့ကောင်းနေသည်။

'အဟွတ် ...အဟွတ်...အဟွတ်'

'မင်း ချောင်းပါဆိုးနေသလား'

ဝေ ခေါင်းညိတ်ပြသည်။

'ဘာစားချင်သလဲ၊ အစာစားပြီး ဆေးသောက်လိုက်ရအောင်'

ဝေ ခေါင်းယမ်းကာ 'ဟင့်အင်း၊ ဘာမှမစားချင်ဘူး'

'ဒါတော့ တို့ မင်းကိုအလိုမလိုက်နိုင်ဘူး၊ စားရမယ်၊ အစားဝင်မှ အားရှိမှာကို၊ မြန်မြန် မကောင်းချင်ဘူးလား၊ မျက်နှာသစ်သွားတိုက်ထားလိုက်၊ ခဏနေ မနက်စာလာပို့ပေးမယ်'

ဒေါ်မေဖြူစင်က သူနာပြုလုပ်ဖို့ကောင်းပါသည်။ အစားမဝင် ဝင်အောင် ချော့တစ်ခါခြောက်တစ်လှည့်ပြော၊ ဆေးလည်း မသောက်သောက်အောင်တိုက်၊ လူနာကိုအားပေးစကားပြောပြီး နွေးနွေးထွေးထွေးဆက်ဆံတတ်သည်။ ဝေ ငါးရက်မြောက်နေ့မှာ အသက်ရှူကျပ်တာ တော်တော်ခံလိုက်ရသည်။ အောက်စီဂျင်က 94 တစ်ခါဖြစ်သည်မှလွဲ၍ ကောင်းသည်။ တစ်ပတ်ပြည့်ပြီးနောက်ပိုင်း နာလန်ထူလာသည်။ ချောင်းဆိုးနည်းနည်းကျန်သည်။ ညနေ နေအေးချိန် ခြံထဲဆင်းပြီး ပုံမှန်လမ်းလျှောက်သည်။ ဒန်းပေါ်ထိုင်ပြီး သီချင်းနားထောင်လျှင်နားထောင်၊ မဟုတ်လျှင် ဒေါ်မေဖြူစင်နှင့် စကားဖောင်ဖွဲ့သည်။

'အန်တီ သူနာပြုအလုပ်မှာ ပါရမီ ပါသားပဲ'ဟု စ တော့ မျက်စောင်းထိုးသည်။
တော်ပါပြီ။ မင်းကိုတောင် ဘယ်လိုစိတ်နဲ့ ပြုစုခဲ့မိလဲ ကိုယ့်ကိုယ်ကိုယ်နားမလည်နိုင်ဘူး တဲ့။ ဆေးရုံကို လူနာမေးသွားရင် ဆေးရုံအနံ့ရတာနဲ့ ခေါင်းတွေမူးလာရောတဲ့။

'ဒဏ်ရာရနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တော်ရုံသူနာပြုဆရာမလေးတွေ မနိုင်ဘူး။ ဒေါ်ခင်ကြည် နဲ့ တွေ့မှ ဗိုလ်ချုပ်အောင်ဆန်းလည်း ငွေသော်တာရောင်ခြည် ဖြစ်သွားတာ အန်တီသိတယ်မဟုတ်လား' ဟု ဝေ ပြောလိုက်သည်။

ဝေ့ခေါင်းထဲ ဘယ်ကနေ ဘယ်လို ဗိုလ်ချုပ်အောင်ဆန်းရောက်လာပြီး ဒီစကားကို ပြောထွက်မိလိုက်သလဲ မသိတော့။ ဘာစကားမှ ပြန်မပြောဘဲ ဒေါ်မေဖြူစင် ဝေ့မျက်လုံးများကို စူးစိုက်ကြည့်နေမှ ဝေသည် ကိုယ်ပြောသောစကား ဘယ်အထိရောက်သွားသလဲ တွေးမိတော့သည်။ ဝေသည် အရှက်ပြေ တစ်ချက်ရယ်လိုက်ပြီး 'သူနာပြုအကြောင်းပြောတော့ ဒေါ်ခင်ကြည်ကို သတိရသွားတယ်'ဟု စကားရောဖောရော လုပ်လိုက်သည်။

အချစ်လေတံခွန်Hikayelerin yaşadığı yer. Şimdi keşfedin