အပိုင်း(၅၆)

Start from the beginning
                                    

ကပွဲမှာလဲ ဝိုင်းအနည်းငယ်သောက်မိတာကြောင့် အရင်ကထက် ပိုစိတ်အားထက်သန်စွာနှင့် စကားများနေမိသည်
"နောက်တခါကျရင် ကျွန်မလဲ ကပွဲတစ်ခု လုပ်အုမ်းမယ် မိတ်ကပ်ကြောင့် ကျွန်မကိုကျေးဇူးတင်ချင်တဲ့သူတွေအများကြီးရှိတယ် အဲ့ဒါကြောင့်လဲ ကျွန်မ နိုးနိုးကြားကြားရှိနေဖို့လိုအပ်တယ် ကျွန်မ ကပွဲပြင်ဆင်ခဲ့တာကြောင့် အတော်ကြာခဲ့ပြီ"

"မင်းပျော်နေတာပဲ"

“ဟီးဟီး ရှင်သိတယ်ပေါ့? ကျွန်မအရမ်းပျော်တယ်လေ.”

အရင်တုန်းက သူမက အရန်ဗီလိန်ဇာတ်ကောင်သာသာဖြစ်သည်

တခြားသူတွေကို ဘယ်လိုအနိုင်ကျင့်ရမလဲသာ သိတဲ့ ဗီလိန်အလှလေးတစ်ယောက်

ဒါပေမဲ့ အခုတော့မဟုတ်တော့ပဲ

"လူတွေက ကျွန်မရဲ့ ပြောင်မြောက်လှတဲ့စကေးတွေကြောင့် မြှောက်ပင့်နေကြတယ်လေ သူတို့ကလဲ ကျွန်မနဲ့ စကားပြောရတာ တကယ်ကိုပျော်နေကြတာ ဒါက ကောင်းတဲ့အရာတစ်ခုပဲ လုရှန် ဒါမျိုး ဘယ်လိုခံစားရတယ်ဆိုတာကို ရှင်သိတယ်မလား"

လုရှန်ကလဲ လူတွေ သူ့ကို မသိခင်အချိန် အောက်ခြေကနေ စတင်ခဲ့သူဖြစ်သည် မျက်လုံးနီတွေနဲ့ ကျိန်စာသင့်ကလေးတစ်ယောက် ဘက်လိုက်ခြင်းကဲ့သို့သောအရာမျိုးမရှိပဲ အလယ်အလတ်နေတတ်တဲ့ သူရဲ့စွမ်းရည်ကို အပြည့်အ၀အသိအမှတ်ပြုခံရချိန်မှာတော့ သူဘယ်လောက်တောင် ပျော်ရွှင်သွားလိမ့်မလဲ

သူ့ကို ပိုပြီးနားလည်သွားပြီလို ထင်မိသည် ထိုသို့တွေးရင်း
"ကျွန်မ လုရှန်လို အောင်မြင်အောင် လုပ်နိုင်မလားမသိပေမဲ့ ကျွန်မကြိုးစားမှာပါ"

"ဘာကိုကြိုးစားမှာလဲ"

"ကျွန်မ ဒီထက်ပိုပြီး အလုပ်ကြိုးစားရမယ် ကျွန်မ မိတ်ကပ်လိမ်းနည်းတွေကို လေ့လာမယ် ပြီးရင် ကျွန်မရဲ့ ကိုယ်ပိုင်ဘရန်းထောင်မယ်"
“အိုး…”

လုရှန်က မထင်မှတ်တာတစ်ခုခုကြားလိုက်ရသလို မျက်တောင်ခတ်နေတော့သည် သူမက ရှက်‌ကာ ပြုံးမိတော့သည်

ရည်မှန်းချက်မရှိတဲ့ပုံ နည်းနည်းဆန်သွားတာလား

ဒါပေမဲ့ ဒါကတော့ သူမအတွက် ကြီးမားတဲ့ အခွင့်အရေး‌ပင် သူမဘ၀ကို  ရည်ရွယ်ချက်ရှိရှိ အဓိပ္ပာယ်ရှိရှိ လုပ်ဖို့ အခွင့်အရေးတစ်ခုဖြစ်သည် ပင်လယ်ဖျံလို နေ့ရက်တိုင်းနီးပါး အားအားယားယား ဖြတ်သန်းရတာကောင်းတယ်ဆိုပေမဲ့ သူမက ‌တဖျက်ဖျက်တောက်နေတဲ့ မီးတောက်လို ရူးမိုက်မှုအပြည့်နဲ့ဘ၀ကို လိုချင်လေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now