အခန်း(၁၄)

Start from the beginning
                                    

'အန်တီ အိမ်ပြန်ရင် ကောင်းမယ်'

နှုတ်ခမ်းနီတောင့် ကိုင်ထားသောလက် မှန်တင်ခုံပေါ်ကျသွားသည်။ ထို့နောက် သက်ပြင်းရှည်ရှည် တစ်ချက်ရှိုက်သည်ကို အိပ်ရာပေါ်မှ ဝေ လှမ်းမြင်နေရသည်။

'မင်းဘာကိုပြောချင်တာလဲ'

'ဝေ အန်တီ့ကို အားနာလှပြီ၊ အန်တီ့မှာ ဝေ့အတွက်နဲ့ အလုပ်ပိုရ၊ စိတ်ပူရနဲ့၊ ထပ်ပြီးတော့ ဒုက္ခများမှာ မလိုလားဘူး'

'အကြောင်းပြချက်က ဘာလဲ'

'ဝေ ...ဝေ ကိုဗစ်ဖြစ်နေတယ်ထင်တယ်၊ အန်တီ့ကို ကူးလိမ့်မယ်'

'မင်းဟာက သေမှမသေချာဘဲ၊ test kitတို့ ဘာတို့နဲ့စစ်မှ အဖြေသေချာသိရမှာပေါ့...နေဦး၊ မင်းစိတ်ရှင်းသွားအောင် စစ်လိုက်၊ တို့အခု အပြင်သွားမယ်၊ မင်းဗိုက်ဆာရင် စားထားနှင့်လိုက်၊ ဟုတ်ပြီလား'

ဒေါ်မေဖြူစင်ထွက်သွားတော့ ဝေ ဖေဖေ့ကို ဖုန်းဆက်သည်။ ဖေဖေ့ကို အကျိုးအကြောင်းပြောပြသည်။

'ဖေဖေ၊ တကယ်လို့ ဝေ positive ထွက်ရင် ဝေ ဆေးရုံသွားမယ်၊ အန်တီ့ကို အားနာဖို့တွေကောင်းနေပြီ၊ ဆေးရုံမှာ ဆရာဝန်တွေ၊ သူနာပြုတွေရှိပါတယ်၊ ဝေ နေမြန်မြန်ပြန်ကောင်းမှာပါ၊ အဲ့ဒါ ဖေဖေ အန်တီ့ကို အိမ်ပြန်ဖို့ ပြောပေးဦးနော်'

ဖေဖေလည်း အစဉ်းစားရကျပ်နေပုံရသည်။ တကယ်လို့ ဝေသာ ပုသိမ်သို့ လိုက်သွားခဲ့လျှင် ဝေ နေမကောင်းတောင် ဖေဖေ့အနားရှိသေး၍ အားရှိမည်ထင်သည်။ အခုတော့... တွေးရုံနှင့်ပင် အားငယ်လာသည်။ ဖေဖေကလည်း ပြန်လျှင် အိမ်သို့တန်းရောက်မည် မသေချာ။ မြို့အဝင်တွင် စိစစ်၍ quarantine ဝင်ရဦးမည်ထင်သည်။

'ဒေါက်၊ ဒေါက်၊ ဒေါက်'

'ဝေ၊ ဘာလို့lockချထားတာလဲ၊ ဝေ...အိမ့်သက်ဝေ'

ဟင်...ဒေါ်မေဖြူစင် ပြန်လာပြီ။

'အန်တီ၊ အန်တီ့ကို ဖေဖေဖုန်းဆက်လားဟင်'

'မင်းဘာတွေပြောနေတာလဲ၊ တို့သေချာမကြားရဘူး၊ တံခါးဖွင့်ပေး'

ဝေ တံခါးကို မှီလျက် ငေးငိုင်နေသည်။ ထိုစဉ် ဖုန်းလာသည်။ ဒေါ်မေဖြူစင်ရယ်။

အချစ်လေတံခွန်Where stories live. Discover now