အပိုင်း(၅၅)

Start from the beginning
                                    

ဆိုးရွားပြီး တတ်ကြွတဲ့ personality ရှိတဲ့ ပါနေးရားလို လူဆီ သူမလာတွေ့လိမ့်မည်မဟုတ်

မှုးမတ်ကတော် ဂရန်းဒီကခေါင်းညိမ့်ရင်း
"ဒါပေမဲ့ ကျွန်မ ရှင့်ကို အထင်မှားမိတာပဲ ရှင်က ကြင်နာတတ်တဲ့လူတယောက်ပါ"

မြို့စားကတော်လီယို*က ပြုံးရင်းခေါင်းညိမ့်လေသည် (*က လက်ထပ်ပြီးတာနဲ့ ယောကျာ်းရဲ့ နောက်နာမည်ကိုယူရတာပါ ပါနေးရားကလဲ လုရှန်နဲ့ယူလိုက်ရင် ပါနေးရား ကာဒီယမ်ဖြစ်လာမှာပါ)
"ဟုတ်တယ် အရှင်ခွန်းကလဲ အဲ့လိုပဲပြောတာ"

ထားပါတော့လေ

အထက်တန်းလွှာအမျိုးသမီးတွေကြားမှာ သူမ နာမည်ကျော်ကြားလာရတဲ့အကြောင်းအရင်းက ခွန်းကြောင့်ဖြစ်လေသည်

အမျိုးသမီးတွေက ခွန်းကို ဝိုင်းရံထားကြပြီး မေးကြသည်
[ခွန်း, ရှင့်ရဲ့eye makeupက အများကြီးသန့်ရှင်းပြီး အရင်ကထပ်ပိုပြီး ကောင်းနေတယ် ရှင် eye makeup ကို လေ့လာနေပြီလား]

ခွန်းကအပြုံးလေးနှင့်
[ပါနေးရား ကျွန်တော်ကိုသင်ပေးတာပါ]

မမျှော်လင့်ထားတဲ့ နာမည် ထွက်ပေါ်လာသောအခါ အမျိုးသမီးတွေအံဩသွားကြသည်
[လေဒီပါနေးရားလား?]

[ရှင်ထုတ်ပြောလိုက်မှပဲ လေဒီပါနေးရားရဲ့makeup lookနဲ့ဆင်သလိုပဲ]

ထို့နောက် အထက်တန်းလွှာအမျိုးသမီးတွေက သူမဆီ တယောက်ပြီး တယောက်လာလည်ကြတော့သည်

သူတို့ကလဲ သူမလိမ်းတဲ့ makeup lookကို ဘယ်လိုလိမ်းရတယ်ဆိုတာ သင်ချင်တာကြောင့်ပင်

'အရမ်းကိုအံဩမိတာပဲ အထက်တန်းလွှာလေဒီတွေ ငါဆီ ဒီလိုလာလိမ့်မယ်လို့ မထင်ထားမိဘူး'

အမှန်တိုင်းပြောရရင် သူတို့အားလုံးက သူမကို ယေဘုယျအားဖြင့် လှပတယ် ဒါပေမဲ့ အရမ်းခက်ထန်တယ်လို့ တွေးထားကြသည်

သို့ပေမဲ့လည်း ကမ္ဘာကြီးက ကျယ်ပြောလှပါတယ် လူတွေမှာလဲ အကြိုက်အမျိုးမျိုးရှိကြတာပဲ မြို့တော်မှာလဲ နူးညံ့ညင်သာတဲ့အထက်တန်းလွှာ မိတ်ကပ် စတိုင်ကိုလဲ စိတ်ကုန်လာတဲ့သူတွေလဲရှိကြသလို တချို့ကလဲ သူတို့ရဲ့မျက်လုံးသေးသေးလေးတွေကို ကြီးအောင်လုပ်ချင်ကြပြန်သည် တချို့ကြတော့လဲ ကြည်လင်နေတဲ့ featuresတွေကို စွဲမက်ဖွယ်ကောင်းပြီး ထင်းထွက်ချင်ကြသည် တချို့ကတော့ ပုန်ကန်သူတွေလို ထူထဲတဲ့မိတ်ကပ်ကို လိမ်းချင်ကြပြန်သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now