Part 219 💚❤ ( 💛💛 )

1.3K 205 50
                                    

Unicode

💓

💛 Young people use social media a lot 💛

💚❤

သူနှစ်​သက်​သည့်​အိမ်​သေး​သေး​လေးတစ်​ခုကိုဝယ်​ပြီးသည်​နှင့်​အချိန်​ဆွဲမ​နေ​တော့ဘဲ ကား​မောင်းသင်​သည့်​နေရာဆီသို့ ဝမ်​ချီစန်းပြန်​လာခဲ့သည်​။ ထိုအ​ကြောင်းအား အချိန်​တစ်​ခုကြာသည်​အထိ သူမည်​သူ့ကိုမှ​ပေးသိမည်​မဟုတ်​။ အခုလိုအိမ်​သေး​လေးတစ်​ခုထက်​သေသပ်​လှသည့်​ကွန်​ဒိုတစ်​ခုကိုဝယ်​မည်​လို့​တော့ ဝမ်​ချီစန်းမှာစိတ်​ကူးရှိခဲ့ဖူးသည်​။ သို့ပင်​မယ့်​အ​ခန်း​တွေများတာမျိုး၊ ဒါမှမဟုတ်​တစ်​ယောက်​လေရှူသံကို​တောင်​တစ်​ယောက်​မကြားရမည့်​အဖြစ်​မျိုး​တွေကို​တော့သူ​ရှောင်​လိုက်​ချင်​သည်​။ တအိမ်​ထဲရှိ​နေပြီး အ​လှမ်း​ဝေး​နေမည့်​ဖြစ်​ရပ်​မျိုးကို သူမဖြစ်​လို။

အိပ်​ခန်းတစ်​ခန်းပဲပါသည်​အိမ်​သေး​လေးတစ်​ခုရယ်​၊ သွားလာရန်​လွယ်​ကူ​စေမည့်​ကား​လေးတစ်စီးရယ်​၊ အနာဂတ်အာမခံချက်​အတွက်​လုပ်​ငန်း​လေးတစ်​ခုရယ်​။ သူဆိုင်​ကယ်​မောင်းနှင်​ရသည်​ကို နှစ်​သက်​ပင်​မယ့်​၊ စိတ်​အာရုံ​ပေါ့ပါးပင်​မယ့်​သူ့နိဗ္ဗာန်​ဘုံ​လေးရဲ့ကျန်းမာ​ရေးအတွက်​အ​ရေးကြုံလာသည့်​အခါတွင်​တော့ ဆိုင်​ကယ်​ဆိုသည့်​အရာကဘယ်​လိုနည်းနဲ့မှအဆင်​မ​ပြေနိုင်​လောက်​ပေ။ ထို့​ကြောင့်​သူကား​ကောင်း​လေး​တစ်​စီးကို​တော့​သေချာ​ရွေးဝယ်​ရဦးမည်​။ ဒီ​လောက်​ပဲ။ သူ​လောဘ​တွေအများကြီးမတက်​ချင်​တော့ဘူး။

ကား​မောင်းသင်​သည့်​နေရာဆီသို့ ဝမ်​ချီစန်းပြန်​ရောက်​သည့်​အခါတွင်​ထို​အ​ဆောက်​အဦး၏ဝင်​ပေါက်​တွင်​ဝမ်​ချီ​အော့ကရပ်​လျှက်​သံ​ဗူးတစ်​ခုကို​ဖောက်​ခါပိုက်​တပ်​ပြီး​သောက်​နေ​လေသည်​။ ဝမ်​ချီ​အော့အနားသို့ ဝမ်​ချီစန်း​ရောက်​သည့်​အခါတွင်​ဝမ်​ချီ​အော့သည်​လေချဉ်​ကိုဟန်​ပါပါတက်​လိုက်​သေး၏။

ဝမ်​ချီ​အော့ကို ဝမ်​ချီစန်းမမှိတ်​မသုန်​ကြည့်​လိုက်​သည့်​အခါတွင်​ဝမ်​ချီ​အော့သည်​ပိုက်​တပ်​ထားသည့်​ဗူးကို မြင်​သာ​အောင်​ပြကာ​မေးလိုက်​သည်​။
"ဒါမင်းကုမ္ပဏီကထုတ်​တဲ့ဟာမှတ်​လား"

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now