Part 216 💚❤ ( ချီသုံးချီ နှင့်​ ရှစ်​-ရှာ့-ဖန်း)

1.7K 240 51
                                    

Unicode

💓

ချီသုံးချီ နှင့်​ ရှစ်​-ရှာ့-ဖန်း

💚❤

ဝမ်​ချီ​အော့ကို လှည့်​ကြည့်​လာသည့်​ယွမ်​ရဲ့မျက်​ဝန်း​တွေက​နွေး​ထွေး​တယ်​၊ မချိပြုံး​တွေသည်​လည်း​တောက်​ပကာစို​ပြေ​နေသ​ယောင်​ရှိသည်​။​ကော်​ဖီခွက်​ပေါ်ကတံဆိပ်​ကိုခွာလိုက်​မိသည့်​သူ့အား နည်းနည်း​လေး​တောင်​စိတ်​မဆိုးသည့်​ပုံ။ ယွမ်​ဟာ ခပ်​အေး​အေး​လေးထပ်ြ​ပုံးပြန်​သည်​။

ဝမ်​ချီ​အော့မှာ​တော့​ကော်​ဖီ​ပေသွားသည့်​ကျောင်း​ဘောင်းဘီအား ခါ​နေသည်​က မပြီးနိုင်​သေးဘူး။ မျက်​ခုံး​တွေတွန့်​ကျိုး​နေသည်​မှာလည်း စိတ်​အရမ်းဆိုး​နေသည့်​ပုံ။ သူစိမ်းအိမ်​သို့လာကာ ကိုယ့်​စိတ်​အလိုအတိုင်းမ​ကျေနပ်​နိုင်သည့်​ဝမ်​ချီ​အော့ဟာ ဟန်​ဆောင်​မှုအလျဉ်းမရှိသည့်​အတိုင်း။ ယွမ်​သည်​က​လေးဆိုးတစ်​ယောက်​အား ခွင့်​လွှတ်​ပေးသည့်​ပုံစံဖြင့်​ပြောလာခဲ့သည်​။
"ငါမ​ရော်ချင်​တော့လို့"

ယွမ့်​စကားကိုနားမလည်​သည့်​ဝမ်​ချီ​အော့ဟာ​ဘောင်းဘီ​ပေါ်မှာစွန်းထင်းသွားသည့်​ကော်​ဖီ​တွေကိုသုတ်​ရင်း ယွမ်​ကိုလှမ်းကြည့်​သည်​။ ယွမ်​ဟာ ထို​ကော်​ဖီခွက်​ကို လက်​ဖဝါးနှစ်​ဖက်​ဖြင့်​ပွေ့ကာ တယုတယနဲ့သယ်​ဆောင်​ပြီး ဝမ်​ချီ​အော့အနားကိုပြန်​လျှောက်​လို့လာ၏။

"မင်းမသိဘူးလား" ယွမ်​ဟာ ခပ်​အေး​အေး​မေး၏။

ယွမ်​ရဲ့စကားကို ဝမ်​ချီ​အော့နားမလည်​။ သူမျက်​မှောင်​တွေကျုံ့ထားသည့်​တိုင်​ယွမ်​ဟာ ခပ်​အေး​အေး​လေးပြုံးထားဆဲ။

"​သေချာကြည့်​လေ" ယွမ်​ဟာ ဝမ်​ချီ​အော့လက်​မှာကပ်​နေသည့်​တံဆိပ်​ရဲ့အစိတ်​အပိုင်း​သေး​သေး​လေးအား​မေး​ငေါ့ပြရင်း​ပြောပြန်​သည်​။

သူ့ရဲ့ညာဘက်​လက်​၊ လက်​ညှိုးလက်​မနှစ်​ခုကြား​တွင်​ကိုင်​ထားမိသည့်​တံဆိပ်​ဟာ အပိုင်းအစ​လေးတစ်​ခုသာသာ သာရှိ​နေသည်​။​ကော်​ဖီ​ပေသွားသည့်​ကျောင်း​ဘောင်းဘီကို သူ့ညာလက်​ဖြင့်​ခါခဲ့ပင်​မယ့်​လက်​မှာကပ်​နေသည့်​တံဆိပ်​က​တော့ ယခုတိုင်​ကပ်ငြိကာ​ရှိ​နေဆဲပင်​။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now