Part 214 💚❤ (Wang Qi Er was bullied 💛)

2.8K 400 201
                                    

💓

Wang Qi Er was bullied 💛

💚❤

မိုးစက်​​တွေ ကျဆင်း​နေပင်​မယ့်​လည်း
အငှါးကား​ပေါ်မှ ဦးစွာ​ပြေးဆင်းသွားသူက ဝမ်​ချီ​အော့။
ဝမ်​ချီ​အော့သည်​ ခြံတံခါးကို အ​ပြေးဖွင့်​​ပေးပြီး သူတို့နှစ်​ဦးအား အိမ်​ထဲဝင်​ရန်​ ခါးကိုင်းကာ ဦးညွတ်​ရင်း ကြိုဆို​ပေး၏။
"ကြွပါခင်​ဗျ"
ရွတ်​ကျိုးစွာ ဆီးကြိုသူကို ဝမ်​ချီရီ မသင်္ကာဖွယ်​ ကြည့်​လိုက်​သည်​။
"မင်း ဘယ်​လောက်​လိုချင်​ပြန်​ပြီလဲ" ဒဲ့တိုးပဲ ဝမ်​ချီရီ​မေးလိုက်​မိသည်​။

ဝမ်​ချီ​အော့ပြုမူလိုက်​သည့်​အပြုအမူက ယွမ်​အ​တွက်ေ​ကြာင့်​မဟုတ်​ခဲ့ပါဘူး။ သို့ပင်​မယ့်​ အမြဲတ​စေ ယွမ်​မှယွမ်​သာ ဖြစ်​​နေခဲ့သည့်​သူ့ကို ဝမ်​ချီရီထိုသို့ထင်​သည်​က အမှားတစ်​ခုမဟုတ်​​တော့။ ထို့​ကြောင့်​လည်း သူအပြစ်​ပြန်​မ​ပြောမိဘူး။ဝမ်​ချီ​အော့သည်​လည်း အားနာတတ်​သည့်​လူဖြစ်​မ​နေ​တော့ ခပ်​ပျက်​ပျက်​ပဲ ​ချော်​လဲ​ရောထိုင်​ပစ်​လိုက်​သည်​။
"မနက်​တစ်​ခါ ... ညတစ်​ခါ ... ငါ​တောင်းသ​လောက်​​ပေးရမယ်​"

မှေးကျုံူ့သွားသည့်​ ဝမ်​ချီ​အော့၏မျက်​လုံး​တွေအတိုင်း ဝမ်​ချီရီ၏မျက်​လုံး​တွေသည်​လည်း လိုက်​ပါ​မှေးကျုံ့လို့သွား၏။
"အဲ့​လောက်​ဖြစ်​​နေတာ ... မင်းယံယံနဲ့လက်​မထပ်​ပဲ ယွမ်​နဲ့ပဲ လက်​ထပ်​လိုက်​ပါ​တော့လား"

ဝမ်​ချီရီ၏ ဆိုလိုရင်းသည်​ ​ငွေသားယွမ်​သာဖြစ်​​နေပင်​မယ့်​ ဝမ်​ချီ​အော့​ပြေးမြင်​လိုက်​သည်​က လူသားယွမ်​ကိုသာ။ စိတ်​ထဲလူသားယွမ်​ကို ​ပြေးမြင်​မိသည်​က သူ့အမှားမဟုတ်​ဟု အလျင်​အမြန်​ပဲ ဝမ်​ချီ​အော့ဆုံးဖြတ်​လိုက်​သည်​။ ဘယ်​လိုလူမျိုးပဲဖြစ်​​နေပါ​စေ အသိတစ်​​ယောက်​နာမည်​နှင့်​ တိုက်​ဆိုင်​သွားလျှင်​​တော့ ထိုလူ့ကို​ပြေး​မြင်​မိမှာပဲမှတ်​လား။
"အဟက်​~ အဲ့လိုရလား" ​ဝမ်​ချီ​အော့ဟာ ​တွေးစ​နေသလိုဟန်​ဖြင့်​ ​မေးပြီး​နောက်​ သူတို့ကိုပင်​မ​စောင့်​​တော့ပဲ အိမ်​တံခါးရှိရာကို ​ပြေးထွက်​သွား၏။

Family with lots of love 💚❤ (Part 191 to ...) || UYFIL Season 2 ||Where stories live. Discover now