Chapter 33 - မေ့ပျောက်ထားတဲ့မှတ်ဉာဏ်များ

2.4K 249 36
                                    

ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ပြောမပြတတ်ဘူး။ ကောင်းကင်ကြီးပြိုပြီး မြေကြီးတွေ ကျွံဝင်သွားသလိုပဲ။ ဝမ်ရိပေါ်ဟာ အဲ့ဒီ့လက်ချောင်းလေးတွေကို ဆုပ်ကိုင်ပြီး အရိုးအဆစ်တွေကို ခံစားကြည့်ချင်တယ်။ သူ ဒီလူကို တင်းတင်းကြပ်ကြပ် ဖက်ထားချင်တယ်။ သူနဲ့ အကြာကြီးမတွေ့ဘဲနဲ့ ဘာလို့ နိုင်ငံခြားကို ထွက်သွားမှာလဲလို့ မေးချင်တယ်။ ၃ လလုံးလုံး သူဟာ ရှောင်းကျန့်ရဲ့နောက်ကွယ်က တွန်းအားအဖြစ် ရှိနေခဲ့တယ်လို့ နေ့တိုင်း ယုံကြည်ခဲ့တယ်။ နောက်ကို ရှောင်းကျန့်အပေါ် ဘယ်လိုတောင် ကောင်းကောင်းဆက်ဆံမယ်ဆိုတာကို တွက်ချက်နေခဲ့တယ်။ မဟုတ်သေးဘူး၊ တကယ်ဆို ဒီလူကို နာကျင်မှုတွေကနေ ဘယ်လိုချစ်ရမယ်ဆိုတာ သင်ယူခဲ့သင့်တာမလား။

လူတယောက်ကို ချစ်ဖို့ဆိုရင် အနည်းဆုံးတော့ အဲ့ဒီ့လူအပေါ် နားလည်ထားရပြီး အဲ့ဒီ့လူ ဘာတွေကို ဂရုအစိုက်ဆုံးလဲဆိုတာ နားလည်ထားရမယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဂရုစိုက်တယ်။ အဲ့လိုပဲ သူ့အလုပ်နဲ့ သူ့ရည်ရွယ်ချက်တွေကိုပါ တပြိုင်တည်းလိုချင်တယ်။ နှစ်ခုလုံးဟာ သူ ပိုင်ဆိုင်နိုင်တာတွေချည်းဖြစ်ပေမဲ့ သူက အစိတ်အပိုင်း နှစ်ခုအဖြစ် ခွဲခြားလိုက်တဲ့အခါ အဲ့နေရာအရောက်မှာ သူ့အတွေးတွေ ရပ်တန့်သွားခဲ့တယ်။

အဲ့တော့ သူ ရှောင်းကျန့်ကို မပွေ့ဖက်ရဲဘူး။ အနားမှာ လူတွေအများကြီးရှိနေတယ်။

မုဒိန်းကျင့်တဲ့လူဟာ သူ့ရဲ့နစ်နာသူကို ပွေ့ဖက်လို့မရဘူး။ သူ့ကိုချစ်နိုင်ဖို့အတွက် အရာအားလုံး အဆုံးရှုံးခံလိုက်ရတဲ့ချစ်သူကို ဆွဲချဖို့ပဲတတ်တဲ့ သူ့လိုလူဟာ မပွေ့ဖက်ရဲဘူး။

"တိတ် တိတ် မင်း အဲ့လောက်အငိုသန်မှန်း ငါအရင်က မသိခဲ့ဘူး"

ငိုနေမှုကြောင့် ရဲတက်နေပြီး မျက်ရည်တွေနဲ့‌ချွေးတွေ ရောနှောနေတဲ့ သူ့မျက်နှာကို မြင်လိုက်ရတဲ့အခါ ရှောင်းကျန့်မှာ တကယ်ကို စိတ်မကောင်းဖြစ်သွားတယ်။ အနားကိုခပ်သွက်သွက်တိုးပြီး သူ့အနောက်တိုင်း Suit ကို တဖက်လှန်လို့ သူ့အင်္ကျီ အထူကြီးကို ကူချွတ်ပေးတယ်။

Cold Fire ||Completed||Where stories live. Discover now