Chapter 2

151 21 7
                                    

Uni

Cause I got you in ma' ma' ma' ma' ma' mind
ဘာလို့ဆို ကိုယ် မင်းကိုချစ်မိနေလို့ပေါ့

Babe, I want you to let me get you dance all night
မင်းနဲ့ တစ်ညလုံးတွဲကချင်လို့ ကိုယ့်ကို အခွင့်ပေးနိုင်မလား ကလေး

And I will never gonna make you cry
ကိုယ်မင်းကို မျက်ရည်ကျအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး

You know I will gonna be the by your side
မင်းအနားမှာပဲ အမြဲတွယ်ကပ်နေမှာဆိုတာ မင်းသိပါတယ်

Cause I got you in ma' ma' ma' ma' ma' mind
ဘာလို့ဆို ကိုယ်မင်းကို ချစ်မိနေလို့ပေါ့

..............................................................................

ကားအနက်တွေက တဖွဲဖွဲဝင်လာကြသည်။ သက်တော်စောင့်တွေပါဟန်တူသည့် ကားအနက်များက အရှေ့အနောက်မှ ညှပ်လျက် အလယ်က အနက်ရောင်ကားသည် အခြားသော ကားများထက်ပို၍ ထင်သာမြင်သာ ရှိလွန်းလှသည်။ တဖိတ်ဖိတ်တောက်နေသည့် အနက်ရောင်ကားကြီးဖြင့် ရောက်လာသူအား ပွဲစီစဉ်သူကိုယ်တိုင် ခြံဝန်းဝ၌ ရပ်စောင့် ကြိုဆိုနေတာကို ကြည့်ခြင်းဖြင့် ကားထဲမှ လူသည် အရေးပါသောသူဖြစ်ကြောင်း ပေါ်လွင်စေသည်။

ကားတံခါးနား၌ ကင်မရာရောင်တွေရော အနက်ရောင်ဝတ် သက်တော်စောင့်တွေရောဖြင့် ရှုပ်ပွသွားကာ ကားတံခါးပွင့်လာသည့်အခိုက် အားလုံးအသက်ရှူအောင့်ထားမိကြသည်။

အလင်းရောင်တွေ ထွန်းညှိထားသဖြင့် ညသည် နေ့အလား လင်းထိန်နေသည်။ ကော်ဇောပေါ်သို့ ခြေတစ်ဖက် ဖိနင်းလိုက်ချိန် ကောင်းကင်ပေါ်၌ မီးရှူးမီးပန်းကြီးတစ်ခုက လှပစွာ ဖွားခနဲကျသွားလေသည်။ ထို့နောက် ကားအပြင်ထွက်လာသော လူငယ်လေးတစ်ယောက်။

ဆံပင်ကို စိတ်ရှုပ်၍ ထင်သည်။ ခပ်တိုတို ခပ်တိတိရိတ်ထားကာ ဝံပုလွေတစ်ကောင်၏ အန္တရာယ်များသော မျက်ဝန်းများကို အရင်လှမ်းမြင်ရသည်။ ထိုမျက်ဝန်းများသည် ယခုတော့ဖြင့် အပြုံးတို့ဖြင့်ပြည့်နှက်နေပြီး နှုတ်ခမ်းထူထူတို့ပါ ကွေးညွတ်လျက်ရှိသည်။ မျက်ခုံးတစ်ဖက်သည် ရှိတ်ထိုးထားတာဖြစ်ပြီး ဘာ accessories မှ ဝတ်ဆင်ထားခြင်းမရှိ။

ခပ်မို့မို့ရင်အုပ်၊ ရှည်လျားသော ခြေတံနှင့် ကွက်တိဖြစ်နေသော Suit က သူ့ခန္ဓာကိုယ်အတွက် ဖြစ်တည်လာသည် ထင်ရလောက်အောင် လိုက်ဖက်လွန်းနေသည်။ Kim Nam Joon ဆိုတဲ့ လူမှာ ဂျစ်ကန်ကန် လူငယ်စရိုက်ကိုလည်း တစွန်းတစ တွေ့ရနိုင်သလို လူကြီးလူကောင်းဆန်လွန်းတဲ့ ဘက်ခြမ်းကလည်း သိသိသာသာကြီးပင်။ ဒါက Rkive Nation ရဲ့ သမ္မတဖြစ်ပြီး လူငယ်လည်း ဖြစ်နေတာကြောင့် စိတ်ဝင်စားစရာကောင်းသည်ပင်။

Let's Dance With Me (Completed)Where stories live. Discover now