45 . ယုရန်ချန်၏ အမျက်ဒေါ်သ

Start from the beginning
                                    

မို့ရွမ်မင်သည် ယနေ့တွင် ယခင်က သူအသုံးပြုခဲ့သော အားထုတ်မှု ဆယ်ဆကို အသုံးချခဲ့သော်ငြားလည်း ထွက်ပေါ်လာသော အကျိုးဆက်က သူထင်ထားသလို မဟုတ်ခဲ့ပေ ။ ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ကြင်နာယုယတတ်သော မို့ရွှမ်မင်အပေါ် သံသယတွေရှိနေသရွေ့ သူမရဲ့မျက်နှာဖုံးအတုကို ဖျက်ပစ်ဖို့က ပိုလွယ်ကူသွားပါလိမ့်မယ်။ 

ဒါပေမယ့် ဒါက တစ်ရက်တည်းနဲ့ ပြီးနိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ မို့ရွှီတုန်းက အဘိုးအိုကို သူ့အဖေဆီ ပို့ပေးမယ်။  သူ့အဖေက သူ့ကို စကားပြောနိုင်မယ်လို့ ယုံကြည်တယ်။ 

"တတိယသခင်မလေးမို က တကယ်ကို လိမ္မာပါတယ်။ တတိယသခင်မလေးမိုက စကားအနည်းငယ်ပြောရုံနဲ့ ပထမသခင်မလေးမို့ကို အပြစ်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဒါက ညီမလေးတစ်ယောက် လုပ်သင့်တာလား။ တတိယသခင်မလေးမို၊ မင်းမှာ ဒီလောက် ကြင်နာမှုနဲ့ သည်းခံမှုတွေ ရှိလို့လား" 

ရှုံ့ချမှုတွေ ပြည့်နှက်နေတဲ့ အေးစက်တဲ့အသံကို သူမ ကြားလိုက်ရတယ်။ မို့ရွှီတုန်း မျက်လုံးဖွင့်လိုက်တော့ သူမသည် ယုရန်ချန်ကိုတွေ့လိုက်ရပြီး သူမမျက်လုံးထဲတွင် အလင်းတန်းများ တောက်ပလာသည်။

သူကလက်နှစ်ဖက်ကို နောက်ကျောကိုသို့ပိုကာ မတ်တပ်ရပ်ရင်း ခေါင်းအေးအေးထားပြီး ဂုဏ်ယူဝံ့ကြွားစွာ မထီမဲ့မြင်ပြုကာ သူမကို ကြည့်နေတယ်။ 

"သခင်လေး ၊တို့က သခင်လေးကို ဘယ်လိုမျိုး စော်ကားမိလို့ ဒီလိုမေးခွန်းမျိုးမေးတာလဲမသိဘူး၊ မင်းက မိုမိသားစုကဘယ်သူနဲ့ပတ်သက်နေလို့လဲ"

မို့ရွှီတုန်းက ပေါ့ပေါ့ပါးပါး ရယ်သည်။  ဒီလူကို အရင်ကရော သူ့အတိတ်ဘဝတုန်းကရော သူမမြင်ဖူးတယ်။ သူသည် မို့ရွှမ်မင်ဘက်တွင် အမြဲတစိုက်မတ်မတ် ရပ်တည်ခဲ့ပြီး သူမအား ကြည့်နေခဲ့သည်။ 

သူက သူမကို ဒီလောက်အမြင်မကြည် ဖြစ်နေလိမ့်မယ်လို မမျှော်လင့်ထားမိဘူး။ သူက သူမကို အမြဲတမ်း မကြိုက်ဖူးဖြစ်မယ်။ 

သူမကလည်း သူ့လို အရေးမကြီးတဲ့သူတွေနဲ့ စကားမပြောချင်ပါဘူး။  သူက သူမကို မေးခွန်းထုတ်ဖို့ စိတ်ဝင်တစားဖြစ်နေပုံရပြီး မို့ရွှမ်မင် ကို ကာကွယ်ပေးမယ့်ပုံပါပဲ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now