အခန်း(၄)

Start from the beginning
                                    

ဩော သူက ငါ့ကို တစ်ပတ်ရိုက်သွားတာကိုး။ ဝေ၏ မိုင်လိုဖျော်စပ်လက်ရာက ရေများသွားပြီ။ မတတ်နိုင်ဘူး၊ တမင်လုပ်တာမှ မဟုတ်တာ၊ အာရုံများအောင် လုပ်တဲ့သူက သူပဲ။

"ဘာတွေလာပေးတာလဲ မေဖြူ၊ မုန့်ဟင်းခါးတွေလား၊ သမီး လှယ်ပြီးပလား"

"ဟုတ်"

"ကိုနိုင့်သမီးက စေတနာ ဗရဗွနဲ့ မေဖြူ့ကို မိုင်လိုခွက်အပြည့် တိုက်တယ်လေ"

'နောက်တစ်ထုပ်ဖောက်ထည့်လိုက်မယ်လေ'

ဝေ စိတ်ပေါက်ပေါက်နှင့် ပြောလိုက်သည်ကိုပင် 'အင်း မင်းသဘော'တဲ့။

ဝေ့စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။ ဘယ်သူ့ကို မကျေနပ်ရပါမည်လဲ။ အန်တီခင့် အဝတ်အစားများ ဝတ်ထားသော ထိုမိန်းမကိုလား၊ အဝတ်အစားလေးပြောင်းလိုက်တာနဲ့ မခွဲခြားတတ်တဲ့ ဝေ့မှတ်ဉာဏ်ကိုလား။ မသိတော့ပါ။

ဖေဖေသာ အချိန်မီ ပြန်ရောက်မလာခဲ့လျှင် ဝေသည် မျက်စိရှေ့က ထိုမိန်းမကို အန်တီခင်ဟုသာ ထင်မှတ်နေမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်နေကုန် ဒီအခိုက်အတန့်လေးကို ပြန်တွေးရင်း စိတ်ကူးယဉ်နေမိမည်ဖြစ်သည်။ အပိုင်းတစ်နှင့် ဇာတ်မသိမ်းသေးဟု ထင်ယောင်ထင်မှား အတွေးတွေ ဝင်လာတော့မလို့။

ယခုတော့ ထိုသို့မဟုတ်ပါ။ မနက်စောစောစီးစီးရရှိသော စိတ်အကြည်ဓာတ်လေး မှေးမှိန်စပြုလာပြီ။ နောက်ပြီး ပြန်ခါနီးတွင် သူက ဆရာမကြီးလုပ်သွားသေးသည်။

"မင်းက ကျောင်းကို နေ့တိုင်း စက်လှေနဲ့ သွားတာဆို၊ ရေလမ်းခရီးကို နေ့တိုင်းသွားနေရတာ၊ အန္တရာယ် များတယ်၊ ဂရုစိုက်နော်၊ တို့ပြန်ပြီ။ တစ်ခါတည်း နှုတ်ဆက်ခဲ့တယ်"တဲ့။ သူပြန်ပြန်၊ မပြန်ပြန် ဝေ စိတ်မဝင်စားပေါင်။

ဝေ ကျောင်းရောက်တော့ ပထမတစ်ချိန်လွတ်သွားသည်။ မတတ်နိုင်။ စာပြန်ကူးရမှာပဲ။ အိမ်ကထွက်လာတုန်းကတော့ ထိုမိန်းမကို အန်တီ့အယောင်ဆောင်လာ၍ မကျေမနပ်ဖြစ်နေမိသည်။ ကျောင်းတွင် သူငယ်ချင်းတွေနှင့်တွေ့မှ စိတ်ပေါ့ပါးလွတ်လပ်သွားရသည်။ ဝေသည် နေ့လယ်စာကို ကန်တင်းမှာပဲ စားသည်။ ဝေ စားနေရင်းမှ မနက်က စားခဲ့ရသော မုန့်ဟင်းခါးကို သတိရသွားသည်။ လက်ရာက ကောင်းလိုက်တာ။ ဘယ်သူချက်တာဖြစ်မလဲ။ ဒေါ်မေဖြူစင် ချက်တာတော့မဖြစ်နိုင်။ သူက အလှူလက်ဖက်နဲ့ မျက်နှာလာလုပ်တာပဲနေမှာ။

ညနေကျောင်းဆင်း၍ အိမ်အပြန် အန်တီခင်တို့အိမ်ရှေ့မှ ဖြတ်လာစဉ် အိမ်ထဲကို မသိမသာ အကဲခတ်မိသည်။ ခြံတံခါးကြီးလည်း ပိတ်လို့၊ အိမ်တံခါးမကြီးလည်း ပိတ်လို့။ လူရှိသည့် အရိပ်အယောင်ပင် မတွေ့ရ။ ဦးကောင်းမြတ်ကို ရုတ်တရက် သတိရသွားသဖြင့် ကျောထဲစိမ့်သွားသည်။ ဝေတစ်ယောက် ဘာမှမမြင်ရပါဘဲနှင့် စိတ်ကူးနှင့် လျှောက်တွေးတော့သည်။ နှုတ်ကလည်း "သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ" ရွတ်ပြီး မြန်မြန်ဖြတ်ခဲ့တော့သည်။

အချစ်လေတံခွန်Where stories live. Discover now