အပိုင်း (၄၃)

Começar do início
                                    

"ရှေ့ကိုကြည့်ပြီး ဆင်း"

"ဟင့်အင်း..."

ပြောပြီး ရယ်သွေးလိုက်သောအခါအထက်သို့ ကွေးညွှတ်သွားသောနှုတ်ခမ်းလေးနှင့်ထပ်တူ ချစ်စရာကောင်းအောင် နှာခေါင်းလေးကိုလည်း ရှုံ့ပြသေးသည်။

ဒီလို သမီးငယ်ကို သူတစ်ချက်သာကြည့်ပြီး ရှေ့သို့ပြန်ကြည့်ကာ လှေကားထစ်တွေကိုအာရုံစိုက်လိုက်သည်၊ မဟုတ်လို့ သူကိုယ်တိုင်လည်း သမီးငယ်ကိုကြည့်၍နေမည်ဆိုလျှင် နှစ်ယောက်လုံး လှေကားပေါ်ကနေခြေချော်ကြလိမ့်မည်။

စိတ်ထဲကနေ တစ်၊နှစ်၊ သုံးကို အစဥ်လိုက် ရေတွက်နေရင်း သမီးငယ်ဆီသို့အာရုံမရောက်အောင်ကြိုးစားနေရင်းမှပဲ...
"နင့် Dream Catcherလေး ပြန်ဖြုတ်ဖို့မေ့ခဲ့ပြီ။"

"ထားလိုက်တော့....အဲ့တာ ပြန်မယူတော့ဘူး။"

ချက်ချင်းပဲ ပြေးတက်သွားပြီး ယူပေးဖို့လုပ်သော်လည်း သူ့လက်ကိုလုံးဝအလွှတ်မပေးပဲ တွယ်ချိတ်ထားသော သမီးငယ်ဆီက ထိုစကားကြောင့် သူသည်အံ့သြစွာနှင့်ပင်...
"ဘာဖြစ်လို့လဲ.." ဟု မေးလိုက်သည်။

"အခုကစပြီး Dream Catcherက မလိုတော့ဘူးလေ။ နင်ပဲ ငါ့ကို အချစ်ဆုံးဆို၊ ဒါနဲ့တင် အိမ်မက်တွေလှဖို့လုံလောက်ပြီမို့....ဒီနေရာပဲ Dream Catcherကို ထားရစ်ခဲ့တော့မယ်။"

ငယ်ကပြောပြတော့ သူကမျက်ခုံးတွေပင့်ပြီး 'တယ် ဟုတ်ပါလား။' ဆိုသည့် ပုံစံမျိုးနှင့် ငယ့်ကိုကြည့်နေသည်။ ထို့ကြောင့်ပဲ....
"နင်ရှိနေပြီပဲကို ဘယ်အိမ်မက်ဆိုးကလာမှာလဲ။ မဟုတ်ဘူးလား..." ဟု ဆင့်ကဲပြောဆိုမိသည်။

"အင်း....။"

"ဘာကို အင်း လဲ။ ငါက နင့်ကိုပဲယုံကြည်တော့မှာမို့၊ နင်ရှိနေရင် ဘာကိုမှမကြောက်တော့ဘူးလို့ ပြောချင်တာ။ "

"ငါပြောမယ် သမီးငယ်..."

လှေကားထစ်ကနေ ဆင်းပြီး ငယ်တို့ကားရပ်ခဲ့သည့် အပင်အောက်သို့ရောက်သောအခါမှာ ကားမောင်းသူထိုင်သည့်ဘက်ခြမ်းမှာ ငယ်ရော၊သူပါ ရပ်နေကြသည်မို့ စကားပြောဖို့အတွက် ငယ့်ထံသို့ကြည့်နေသောသူ့ကို ငယ်ကပဲ ကားတံခါးဖွင့်ပေးလိုက်သည်။

အချစ်ဦး (Completed)Onde as histórias ganham vida. Descobre agora