အပိုင်း(၅၁)

Start from the beginning
                                    

မတုန်လှုပ်စေနဲ့ အရေးကြီးတဲ့အရာက ဧကရာဇ်စိတ်ချမ်းသာဖို့နဲ့ ခွန်းကို အရှင့်ဆီခေါ်သွားဖို့ပဲ
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြုံးဖူးသော အပြုံးတစ်ခုကို လုပ်လိုက်သည်

"(အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့) သွားရအောင် အရှင်ကစောင့်နေတယ်"

ကံအားလျော်စွာ ခွန်းက ခေါင်းတစ်ချက်ညင်သာစွာညိမ့်ပြပြီး သူမနောက်ကို လိုက်လာခဲ့သည် သို့သော်လည်း သူက ပိုပြီးအဓိပ္ပာယ်မရှိတာကို တတွတ်တွတ်ပြောနေတော့သည်

"မင်းက ပြုံးလိုက်ရင် ပိုရုပ်ဆိုးတယ်"

'ငါ သူ့ကို အခုသတ်ပစ်လိုက်ရမလား'
***

ရဲတိုက်ကို မရောက်မချင်း သူမ စိတ်ရှည်သည်းခံမှု ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ရသည် ထိုနေရာကိုလာတဲ့ တစ်လျှောက်လုံး သူက အဆက်မပြတ်ပြောနေတာကြောင့်ပင် ဒီအတွက်ကြောင့် အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းကိုပင်အသုံးချခဲ့ရသေးသည် စကားတွေကို တဖက်နားကဝင်ပြီး တစ်ဖက်နားကပြန်ထွက်သွားသော နည်းလမ်းဖြစ်သည်

သူက VIPတစ်ယောက်ဖြစ်တာကြောင့် သူမလုပ်နေကြလို့ သူကို လျစ်လျုရှူထားလို့ သေချာပေါက်မရပေ ဒါကြောင်း သူမက အသက်မပါသောမှတ်ချက်များကို ပြောနေရတော့သည်

"မင်းက အက်စတယ်လာပြောထားတာနဲ့ လုံး၀တခြားစီပဲနော် သူမပြောတာက မင်းက အရမ်းကိုလှတဲ့ လေဒီတယောက်တဲ့ ဟင်းးး သူမကိုယုံမိတာ ငါ့အမှားပဲ"

"နိုင်ငံတစ်ခုစီတိုင်းမှာလဲ မတူညီတဲ့ beauty standardတွေရှိသေးတာပဲ"

သူမလိုမျက်နှာက အင်ပါယာထဲမှာတော့ နာမည်ကြီးလေသည်

သူမ အပြုံးလေးနဲ့ ခက်ခက်ခဲခဲဖြေလိုက်ပေမဲ့ အဖြေက မိုက်မဲစွာတကျော့ပြန်လာတော့သည်

"အင်ပါယာမှာ အရမ်းကို ထူးခြားတဲ့အကြိုက်ရှိတာပဲနော်"

ထိုနေရာမှာတင်ရပ်တန့်မနေပါ

"မင်းပြောတော့ မင်းက မှူးမတ်လိုင်လာရဲ့ သမီးဆို ဟုတ်တယ်မလား ဒါဆိုမင်းက တော်၀င်မိသားစုကပဲမလား မင်း တော်၀င်မိသားစုနဲ့ ရင်းနှီးလား ဒါမှမဟုတ် မင်းမှာ အရမ်းတန်ဖိုးကြီးတဲ့မြေကွက်တစ်‌ကွက်လောက်ရှိလား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now