အခန်း(၁၆)

Start from the beginning
                                    

ခြံတံခါးသည် သော့ခတ်မထား။ သော့ကိုချိတ်ရုံချိတ်ထားခြင်းဖြစ်၍ ဝင်ခဲ့လိုက်သည်။ အိမ်ထဲတွင် လူရိပ်လူယောင်လည်း မတွေ့။ ဘယ်သွားတာပါလိမ့်။ တီဗီကြီးကလည်း လူမရှိဘဲ ပွင့်နေပါလား။ အခန်းထဲမှာလည်းမရှိ။ ရေချိုးနေတာလား၊ အိမ်သာသွားတာလား။ ရေချိုးခန်းတံခါးကို တွန်းကြည့်လိုက်သည်။ လူလည်းမရှိပါလား။

ဟင်။ ရေချိုးကန်ထဲမှာ နှင်းဆီပွင့်ဖတ်တွေ။ နှင်းဆီတွေမြင်တော့ 'Perfume: The Story of a Murderer' ဆိုတဲ့ စိတ္တဇလူသတ်သမား ရုပ်ရှင်ကို သွားသတိရပြီး ဝေ ကျောစိမ့်သွားသည်။ ဝေသည် ရေချိုးကန်နားသို့ တိုးကပ်သွားပြီး ဒီလောက်နှင်းဆီပွင့်တွေ အများကြီးထဲ စိမ်ဖူးချင်လိုက်တာဟုတွေးမိပြီး ရေချိုးကန်ထဲလက်နှစ်ကြည့်မည်အပြု လက်နှစ်ဖက် ဘွားခနဲပေါ်လာလေသည်။ ရေချိုးကန်၏ ဘေးနှစ်ဖက်ကို အားပြု၍ လူတစ်ယောက် ထထိုင်လိုက်ခြင်းဖြစ်သည်။

'ဗုဒ္ဓေါ'

'အမေ့'

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဝေ ဘာမှ ထပ်မတနိုင်ဘဲ မျက်နှာလွှဲလိုက်ရသည်။ သူလည်း လန့်သွားပုံပဲ။ ဒေါ်မေဖြူစင်ရယ်လေ။

'မင်းဘယ်တုန်းက ရောက်နေတာလဲ'

'ခုနလေးတင်'

'အသံလေး ဘာလေးပြုမှပေါ့'

'အယ်။ လူရိပ်မှ မတွေ့တာကို၊ အန်တီက ဘာလုပ်နေတာလဲ'

'ဘာလုပ်ရမလဲ၊ ရေစိမ်နေတာပေါ့'

ဝေ အခန်းထဲမှ ထွက်ရန် ခြေလှမ်းပြင်သည်။

'ခဏလေး၊ တို့ကို ဟိုတန်းပေါ်က bath-robeလေး လှမ်းလိုက်စမ်းပါ' ဆိုသော အသံကြောင့် ခြေလှမ်းတုံ့ရပြန်သည်။
ဝေသည် ဒေါ်မေဖြူစင်ဘက်သို့ မျက်နှာမလှည့်ဘဲ လက်နောက်ပြန် ပေးရန်ပြင်သည်။

'မင်းဒီဘက်လှည့်လို့ရပါတယ်'

ဝေ မရဲတရဲ လှည့်ကြည့်တော့ နှင်းဆီပွင့်ဖတ်တွေကြား မျက်နှာလေးပဲ ကွက်ပေါ်နေသော ဒေါ်မေဖြူစင်ကို တွေ့ရသည်။

လက်တစ်ဖက်ထွက်လာပြန်၍ ဝေ ပခုံးလေးတွန့်ကာ လန့်သွားပြန်သည်။
ဒေါ်မေဖြူစင်က ဝေ့ကို မျက်လုံးအဝိုင်းသားနှင့်ကြည့်ပြီး 'မင်းဘယ်လိုဖြစ်နေတာလဲ' ဆိုကာ bath-robeကို ဆွဲယူသည်။

အချစ်လေတံခွန်Where stories live. Discover now