"အဲ့တာ နင်အော်လိုက်လို့...."
"ကဲ သခင်မရယ်။ သခင်မရဲ့ မောင်တော်ဖုရားနိုးသွားတာ ကျွန်မကြောင့်ပါ။ အဲ့တာကြောင့် ကျွန်မကိုအပြစ်ပေးပါတော့...."
"ထား ထားလိုက်တော့၊ ပြော ဘာကိစ္စလာတာလဲ။"
"ဟွန်း အခုမှပဲလိုရင်းရောက်တော့မယ်။ ဒီမယ် လင်ထိပ်ထားစံ၊ ရှင် ညနေခင်းမှာဝတ်ဖို့အဝတ်လာပို့ပေးတာ။ ရော့...."
အဝတ်ထည့်လာသော အိတ်ကို ငယ်ကလက်ခံပြီးသည်နှင့် နေရာကနေရှာခနဲလှည့်ထွက်သွားသည့် ဒေလီယာကို ကြည့်ရင်း ငယ်အံ့သြနေမိသည်။
"သမီးငယ်...."
"အင်း....ဟင်၊"
"မနက်စာစားဖို့ သွားမယ်။"
"အင်း...."
အခန်းတံခါးနားကနေပဲ အဝတ်အိတ်ကို အိပ်ရာအထက်သို့ လှမ်းပစ်တင်လိုက်သည်။ ပြီးမှ ဘေးမှာရောက်နေပြီဖြစ်တဲ့ သူ့လက်ကိုတွယ်ချိတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
"ဟိုမှာလာပြီ လင်ထိပ်ထားစံ...."
ငယ်တို့လာနေသည်ကို မြင်မြင်ချင်းမှာပဲ ဒေလီယာကထိုသို့ပြောလာတော့ ငယ့်မှာ မျက်ခုံးလေးပင့်ရုံသာ လုပ်ပြလိုက်ပြီး ဝင်ထိုင်ကာ မနက်စာအတွက်ပြင်ဆင်ပေးထားသော ဖျော်ရည်တစ်ခွက်ကို အရင်သောက်လိုက်သည်။
"ရော့ငယ်...ဒါလေးကောင်းတယ်။"
ငယ်တို့တတွေရဲ့ထုံးစံအတိုင်းပဲ စားကောင်းသည်များကို မျှဝေစားသောက်နေရင်းနှင့် မနက်စာဝိုင်းပြီးဆုံးသွားသည့်အခါမှ သူ့ထံသို့ကြည့်မိသည်။
"မစားဘူးလား ထည်ဝါ..."
"အင်း။ တခြားဟာမှာထားတယ်...."
ထိုအခါမှပဲ မနက်စာအဖြစ် သူစားတတ်သည်များက ဒီစားပွဲတွင်ရှိမနေသည်ကို ငယ်သတိထားလိုက်မိသည်။ သို့ဆိုလျှင်တောင်မှပဲ အပြင်စာစားဖို့ကိုကြောက်တတ်လွန်းတဲ့ သူတို့မိသားစုရဲ့ ချစ်စရာအကျင့်လေးကို ငယ်မေ့လျော့နေခဲ့သည်။
"ငါ တစ်ခုခုသွားပြီး စီစဥ်ပေးရမလား။"
"ရတယ်...ငါမှာလိုက်ပြီ။"
YOU ARE READING
အချစ်ဦး (Completed)
အပိုင်း (၄၂)
Start from the beginning