အပိုင်း (၄၂)

Start from the beginning
                                    

"ချစ်မှာပေါ့ကွယ်။ နောက်ဘဝအဆက်ဆက်တွေအထိ နှမတော်အပေါ်မှာထားတဲ့မောင်တော့်မေတ္တာက ပျက်ယွင်းမှာမဟုတ်ပါဘူး။"

အပြန်အလှန်ပြောနေကြသော စကားများကို မြင်နေ၊ကြားနေရရင်း နှလုံးသားတစ်ခုလုံး ရေအောက်ကြမ်းပြင်ဆီမှာရောက်နေသလို နစ်မွှန်းနေရင်းမှ....

"လူနာက သားယောကျာ်းလေးမွေးပါတယ်"

မွေးဖွားခန်းထဲက ထွက်လာသော သူနာပြုဆရာမ၏အသံနှင့်အတူ...
"ထည်ဝါ...ထည်ဝါလို့ နာမည်ပေးမယ်။ "

သမီးငယ်၏ ဒီစကားမှာ ပြုံးရွှင်ကာသွားသည့်သူ့မျက်နှာက သားဆိုသည့်အားတစ်ခုကြောင့်လား၊ သမီးငယ်ဆိုသော သူ့ရဲ့ သမီးငယ်ကမွေးဖွားပေးတဲ့သားဦးရတနာဆိုသော အသိကြောင့်လားဆိုတာ အခုအခါမှာ ဝေခွဲမရချင်တော့ပေ။

အိမ်မက်ကနေလန့်နိုးလာပြီး မျက်နှာကို ပွတ်သပ်လိုက်တော့ စိုစွတ်မှုအနည်းငယ်ကိုခံစားလိုက်ရသည်။ နံဘေးမှာရှိနေတဲ့ သမီးငယ်ကို ငုံ့ကာကြည့်နေရင်း သူသည် ခပ်ဖွဖွလေးအနမ်းခြွေမိသည်။

ထိုကနေဆက်မအိပ်ဖြစ်တော့သည်က မနက်လင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားသည်။

အိပ်ရာကနေ အရင်နိုးလားသောငယ်က အိပ်ပျော်နေဆဲသူ့မျက်နှာတစ်လုံးကို အနမ်းတွေဝေပေးခဲ့ပြီး ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်။

"စိတ်တိုနေတာမှမဟုတ်ဘဲ စိတ်ဆိုးတုန်းခဏတော့ မင်းကစချော့ပေါ့အချစ်ရယ်။"

မနက်သစ်ပြီးသော်လည်း အပြင်ကိုမထွက်သေးပဲ ရေချိုးခန်းထဲက  မှန်ကိုကြည့်ကာ ငယ်ရေရွတ်မိသည်။ ပြီးတော့ ငယ်ကိုယ်တိုင်ပဲ ကိုယ့်စကားကို ကြားယောင်ရင်းပြုံးနေတော့သည်။

"ငယ်ရေ....."

ဖြီးနေတဲ့ပါးစပ်ကို ပြန်လည်လို့တည်လိုက်ပြီး ရေချိုးခန်းတံခါးကို အမြန်ဖွင့်ကာ အခန်းတံခါးအထိခြေသံလုံလုံနှင့် အပြေးလာခဲ့သည်။ အခန်းတံခါးပွင့်သွားသည်နှင့်...
"တိုးတိုးး...ထည်ဝါ အိပ်နေတယ်။"

"ဟိုမှာ နိုးနေပြီ။"

ဒေလီယာ့စကားကြောင့် ငယ်အိပ်ရာဆီသို့လှည့်ကြည့်လိုက်တော့ အိပ်ရာကနေထ,လာပြီဖြစ်တဲ့သူက ရေချိုးခန်းဘက်ဆီသို့လျှောက်သွားသည်ကိုတွေ့လိုက်ရသည်။

အချစ်ဦး (Completed)Where stories live. Discover now