44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး

En başından başla
                                    

ဖန်ယုလန်က မိန်းမစိုးကို ပြန်မဖြေဘဲ ချဉ်းကပ်လာတဲ့လူကို ပြုံးပြလိုက်တယ်။  သူ့မျက်လုံးများက သွက်လက်တောက်ပနေသည်။ ဖန်ယုလန် ​နောက်​က လိုက်​လာတဲ့ ဖန်ယွီက တိတ်​ဆိတ်​စွာ ​ကျောခိုင်းပြီး သစ်​ပင်​​နောက်​မှာ ပုန်း​နေခဲ့တယ်​။ 

အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် ပိုင်ရီဟောက်ကချဉ်းကပ်လာခဲ့ပြီး သူ့နောက်တွင် လူပေါင်းများစွာ လိုက်ပါလာခဲ့သည်။  သို့သော် ထိုနေရာရှိလူအများသည် ဖျတ်ခနဲ လန့်သွားသည်။ 

သူတို့ပတ်ဝန်းကျင်မှာ လှပတဲ့ပန်းတွေ ပွင့်နေပေမယ့် သူ ချဉ်းကပ်လာတဲ့အခါ သူ့ပတ်ဝန်းကျင်က ရှုခင်းတွေတောင် မှုန်မှိုင်းနေသလို ခံစားလိုက်ရပြီး သူကတော့ တစ်ခုတည်းသော တောက်ပတဲ့ နေရာတစ်ခုလိုပင် ။  လှပသော လူငယ်လေးသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး သူ၏ ကြည်လင်ပြတ်သားသော အသံသည် စမ်းချောင်းထဲတွင် စီးဆင်းနေသော ရေများကဲ့သို့ သာယာသည် ။

"မင်းသားရှောင်ကဒီမှာဆိုတော့ ကျုပ်ဘယ်လိုလုပ် မလာပဲနေနိုင်မှာလဲ !" ပိုင်ရီဟောက် က သပ်ရပ်စွာ ပြုံးလိုက်သည်။ 

"ဆရာပိုင် မလာနိုင်ဘူး!"  ဖန်ယုလန်သည် မျက်ခုံးပင့်လိုက်သည်။  သူ့အပြုံးက ပိုလို့တောင် တောက်ပလာခဲ့တယ်။ 

"ကျုပ်မလာရင် ကျုပ်အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘူး။ မင်းသားရှောင်က တစ်ခြားကိစ္စတွေကို ဝင်စွက်ဖက်ဖို့ဆိုတာ ရှားပါးတယ်လေ " 

ပိုင်ရီဟောက်က နှုတ်ခမ်းပါးပါးလေးဖြင့် အနည်းငယ်ပြုံးကာ တိုးတိုးလေးပြောသည် ။ 

"ဒါဟာ တကယ်ကို ကြုံရာကျပန်းကိစ္စ မဟုတ်ပါဘူး။  နောက်တစ်ခုက ကျုပ် သူမမိသားစုအရေးကို စိတ်ထဲမှာ စွဲနေတယ်။  တစ်စုံတစ်ယောက်ရဲ့ ပန်းကန်ထဲက တစ်ခုခုကို လက်လှမ်းမမှီသရွေ့တော့ အဆင်ပြေပါတယ် ၊ မင်းဘယ်လိုထင်လဲ ဆရာပိုင်"

ဖန်ယုလန်သည် ပိုင်ရီဟောက်ကို ပြုံးလိုက်ပြီး သူ့မျက်လုံးများ အနည်းငယ် မှိတ်သွားသည်။ 

"သူတစ်ပါးရဲ့ မိသားစုအရေးကို မစွက်ဖက်သင့်ဘူး။ ဒါပေမယ့် မိသားစုမဟုတ်သေးရင် ဒါက မိသားစုကိစ္စမဟုတ်ဘူး။ မင်းသားရှောင်" 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းHikayelerin yaşadığı yer. Şimdi keşfedin