အပိုင်း(၅၀)

Start from the beginning
                                    

'အာ ဒီဆရာက စိတ်ဖတ်နိုင်တဲ့သူတယောက်ပဲ'

'တခြားသူဘယ်လိုခံစားနေရတယ်ဆိုတာ သူဘယ်လိုလုပ်ပြီးများ သိနိုင်ရတာလဲ'

သူမခေါင်းထဲမှာ ဘာရှိလဲဆိုတာကို မြင်လိုက်ရသလို ဧကရာဇ်က ပြုံးပြီး ပါးစပ်ကိုဖွင့်လိုက်တော့သည်
"အက်စတယ်လာဆီကနေ စာတစောင်လာတယ် စီဘရမ်ဘုရင့်နိုင်ငံတော်ကနေ အရေးကြီးတဲ့လူတယောက်ကိုလွှတ်လိုက်မယ်တဲ့ ကြည့်ရတာ စီဘရမ်ဘုရင့်နိုင်ငံက နာမည်ကြီးဆရာ၀န်တယောက်ကိုလွှတ်လိုက်တာပဲဖြစ်ရမယ်"

'ဆရာ၀န်?'

'မဟုတ်မှလွဲရော'

သူမ မျက်လုံးတွေပြူးကျယ်စွာဖွင့်ရင်း ဧကရာဇ်ကို ငေးကြည့်နေမိတော့သည် ဧကရာဇ်က တည်ငြိမ်သောအသံနှင့် ဆက်ပြောလာခဲ့သည်
"ဤတိုက်ကြီးမှာ အဆိပ်နဲ့ပတ်သတ်ပြီး ကောင်းစွာ ကျွမ်းကျင်တဲ့သူ သိပ်မရှိဘူး ဘယ်သူသိနိုင်မှာလဲ ဒီခန္ဓာကိုယ်အတွက် ကုသဆေးလည်း ရှာတွေ့ရင်တွေ့သွားနိုင်မှာပေါ့"

'အိုး မိုင်ဂေါ့ ဘာတွေဖြစ်ကုန်တာလဲ'

'ဒါက မူရင်းဇာတ်ကြောင်းမှာ မပါဘူးလေ'

'တွေးကြည့်လိုက်ရင်‌လဲ ငါဒီခန္ဓာကိုယ်ကိုရောက်လာလိုက်လို့ မူရင်းဇာတ်ကြောင်းက အများကြီးပြောင်းသွားတယ်'

လုရှန်က အက်စတယ်လာနဲ့မဟုတ်ပဲ သူမနဲ့ချစ်ကျွမ်း၀င်သွားတယ် အက်စတယ်လာကလဲ သူမနဲ့ ကားလစ်တို့ရဲ့အချစ်ခရီးလမ်းမှာ ဘာအနှောင့်အယှက်မှမရှိကြောင်း သက်သေပြတယ် မူရင်းမှာမပါတဲ့ နိုင်ငံခြားကိုပင် ပညာတော်သင်သွားလိုက်သေးတယ် ဒါ့အပြင် အက်စတယ်လာက ထင်ရှားတဲ့ ဆရာဝန်တစ်ဦးကို တွေ့ရှိပြီး အင်ပါယာသို့ စေလွှတ်ခဲ့သေးသည်

'ဖြစ်နိုင်တာက ဧကရာဇ် အသက်ရှင်တာများလား'

ဒါက ဖြစ်နိုင်တဲ့ ဇာတ်ကြောင်းပဲ
ဧကရာဇ်က ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ သူက လုရှန်၏ဘ၀ကို ထိန်းထားနိုင်သော အခိုင်မာဆုံး ချပ်၀တ်ကြီးတစ်ခုဖြစ်တဲ့အပြင် အက်စတယ်လာကို ဧကရီဆီကနေ အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးမဲ့ ဒိုင်းကာကြီးတစ်ခုလဲဖြစ်သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now