Chapter 57: ချောမောသောအမျိုးသားအဆင့်သတ်မှတ်ချက်

Start from the beginning
                                    

ညဘက်၌လီချင်းရန်သည် အိပ်ယာပေါ်၌စောစီးစွာပင်လှဲလျောင်းနေပြီး လူညစ်ဝမ်တဟူမှာစကားပြောရန်ပြင်လိုက်သော်လည်း ထိုကောင်လေးမှာတစ်ဖက်သို့လှည့်သွားသဖြင့် ဝမ်တဟူမှာစောင်ကိုသာကိုက်ရင်း မကျေမနပ်ပြောနေရတော့သည်။သို့သော်ဝမ်တဟူမသိသည်က သူအိပ်ပျော်သွားသည့်အခါ သူ့ဘေးနားမှလူကမျက်လုံးများကိုတိတ်တဆိတ်ဖွင့်ရင်း သူ့အားတစ်ညလုံးကြည့်နေခဲ့ခြင်းပင်။

"မနက်ပိုင်းအတန်းရှိလို့စောစောထွက်သွားတယ် စားပွဲပေါ်မှာကြက်ဥကြော်နဲ့ဝက်အူချောင်းတွေတင်ထားခဲ့တယ်"

သူ့လက်ထဲမှစာရွက်လေးအားကြည့်ရင်း ဝမ်တဟူမှာပျင်းရိစွာဖြင့်ခါးကိုဆန့်လိုက်ကာ ရယ်စရာကောင်းသည့်အတွေးတစ်ခုကိုတွေးလိုက်မိ၏။

သူတို့မိသားစုမှရန်ရန်လေးသည်အလုပ်ကြိုးစားလွန်းလှ၏။တက္ကသိုလ်နှစ်စသာဖြစ်သော်လည်း ထိုကောင်လေးမှာဤသို့အစွမ်းကုန်ကြိုးစားနေပြီး ကြိုတင်တွက်ဆထား၍မရသောအခြေအနေများကိုလက်ခံရမည်ဆိုသည်ကိုလည်း မသိသောသူ၏ "ချစ်စဖွယ်မှင်စာပေါက်လေး"ပင်။

နံနက်စာစားပြီးနောက် ဝမ်တဟူကအချိန်ကို ကြည့်လိုက်ရာ ခုနစ်နာရီခွဲပင်ရှိသေးသည်။ယနေ့နံနက်အတန်းမရှိသဖြင့် အလျင်လိုရန်မလိုအပ်ပေ။ ပန်းကန်ပြားကိုဖြည်းညှင်းစွာဆေးကြောပြီးနောက် ကျောင်းဘက်သို့မလှမ်းမီ "မနက်ခင်းသတင်း" ကို ခဏမျှကြည့်လိုက်၏။

ဝမ်တဟူအတန်းထဲသို့ဝင်လိုက်သည်နှင့် သူ့အားလှမ်း၍နှုတ်ဆက်နေသောမှိုငယ်လေးကိုတွေ့လိုက်ရ၏။

"ကိုကိုတဟူ Morning!"

"Morning!"

ဝမ်တဟူကပြုံးကာ သူ့ဘေး၌လွတ်နေသောထိုင်ခုံကိုတွေ့လျှင်မေးလိုက်၏။

"ငါ့အတွက်လား?"

"ဟုတ်တယ်! ကျွန်တော်စောစောလာခဲ့တာ!"

မှိုငယ်လေးကပြုံးကာ တောက်ပြောင်ဖြူဖွေးနေသည့်သွားလေးများကို ပေါ်လွင်သွားစေ၏။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now