Final

2.5K 161 15
                                    

Unicode

ဂျင်တစ်ယောက် မှန်ရှေ့ရပ်၍ မိမိပုံစံကို မကျေမနပ်ဖြစ်နေမိသည်။ အရင်က ဘာဝတ်ဝတ် ကိုယ့်ကိုကိုယ် ကြည့်ကောင်းပြီးသားလို့ ကြွေးကြော်လာခဲ့သမျှ အခုတော့ ကိုယ့်ပုံစံကိုယ် အလိုမကျဖြစ်နေမိသည်။ ဒီနေ့ ချစ်ရသူလေးနဲ့ ပထမဆုံးdateလုပ်မှာဖြစ်သည်။ ထို့ကြောင့်လည်း ဘာဝတ်လို့ဝတ်ရမှန်းမသိဖြစ်ကာ ဝတ်လိုက်တိုင်းလည်း ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဖြစ်နေမိသည်။

ချလောက်~

"ဂျန် မပြီးသေးဘူးလား"

"Kook မင်းငါ့ကို အင်္ကျီရွေးပေးစမ်းပါ။ ငါဝတ်ကြည့်နေတာ တစ်ထည်မှ သဘောမတွေ့ဘူးဖြစ်နေတယ်။"

"အခုဝတ်ထားတာလေးနဲ့လည်း အဆင်ပြေပါတယ်ဂျန်ရဲ့။ ကိုယ့်ဘေဘီက ဘာဝတ်ဝတ်လိုက်တယ်။"

"တကယ်လား?"

"အင်းဆို။ ကိုယ့်ကိုယုံ~ ခရမ်းရောင်ဆွယ်တာလေးနဲ့ စတိုင်ပန့်အဖြူလေးက ဘေဘီလေးနဲ့လုံးဝထင်းထွက်နေတာ။ ကိုယ့်ဘေဘီလေးက ကြည့်ကောင်းလွန်းနေလို့ ကိုယ်အပြင်တောင်မထွက်ချင်တော့ဘူး။ ဒီအခန်းထဲမှာပဲ ကိုယ်တို့ dateလိုက်ကြမလား?"

"ပေါက်ကရတွေပြောတာရပ်! သွားမယ်။ မသွားချင်ရင်မင်းနေခဲ့ ငါသွားမယ်။"

"အဲ့လိုတော့ ဘယ်ဖြစ်မလဲ ဂျန်ရဲ့ အခုမှ ရည်းစားဖြစ်ကာစ အသစ်စက်စက်ကလေးကိုမှ ကိုယ့်ကောင်လေးချောချောလေးကို တစ်ယောက်တည်းလွှတ်ဖို့ဆိုတာ  ဘယ်လိုမှမဖြစ်နိုင်ဘူး။"

"ပိုကိုပိုတယ်"

"မင်းကောင်လေးဖြစ်နေလို့လေ ဟက်~"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂျောင်ကုသူ့ရှေ့က နှုတ်ခမ်းလုံးလုံးလေးနဲ့ ရေခဲမုန့်ကို အားရပါးရစားနေသူကိုကြည့်ရင်း မရိုးမရွဖြစ်လာမိသည်။ နှုတ်ခမ်းထူထူတွေထက်က ရေခဲမုန့်ပေနေသောနေရာလေးတွေကိုလည်း လျှာလေးနဲ့တစ်ချက်တစ်ချက်သပ်လိုက်လုပ်နေသူကြောင့် ဂျောင်ကု ခုံအောက်ရှိမိမိလက်ကို တင်းနေအောင်စုပ်လိုက်မိသည်။ လူကို အသဲတယားယားဖြစ်အောင် မရိုးမရွဖြစ်အောင်လုပ်တဲ့နေရာမှ ကင်မ်ဆော့ဂျင်တို့ တအားတော်ပါသည်။

Friend ZoneWhere stories live. Discover now