ep35

2.4K 366 75
                                    

" ဂျွန်ဂျောင်ဂု ငါမင်းကိုဘာလို့ခေါ်လဲသိလား "

" ဘယ်လိုသိမှာလဲ အဖေပြောလေ
အဖေပြောဖို့ခေါ်တာမဟုတ်ဘူးလား "

သူပဲ သူ့ကိုဦးတို့ပြန်တာနဲ့ အပေါ်တက်ခဲ့ဖို့
ခေါ်ပြီးတော့.. သူတောင် ဦးကိုကောင်းကောင်း
ပြန်မပို့လိုက်ရဘူး သူ့ကိုအပေါ်လိုက်ခဲ့ဖို့
ပြောခဲ့ပြီး..

" ဟုတ်တယ် မင်းကိုပြောစရာရှိလို့
မင်းနဲ့ဆော့ဂျင်အကြောင်း မင်းကောင်လေးဆိုတာ
ဆော့ဂျင်လား "

" အဖေဘယ်လိုသိသွားတာလဲ "

သူမျက်လုံးပြူးသွားသည်။

" ဘယ်လိုသိသွားတာလဲဟုတ်လား
မင်းက သိုဝှက်ပြီးနေလို့လား မသိရအောင်က
အဲတော့ ဟုတ်တယ်ပေါ့လေ မင်းဘာတွေ
လျှောက်လုပ်နေတာလဲကွာ ငါဆော့ဂျင်နဲ့
ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ "

" အဖေနဲ့ဘာလို့ဆိုင်ရမှာလဲ ခုနကတောင်
အဖေတို့ဆိုင်နေကြသေးတာပဲမလား ဟွန့် "

" ဟေ့ကောင် ပေါ့ပျက်ပျက်လုပ်မနေနဲ့
ငါချယ်ရင်းတို့ကို ဘယ်လိုမျက်နှာပြရမလဲ
မင်းလုပ်ပုံက ကောင်းသေးရဲ့လား
သူတို့အဆင်ပြေနေတဲ့အိမ်ထောင်ရေးကို
မင်းဘာတွေသွားနှောက်ယှက်ထားတာလဲ
‌ဂျွန်ဂျောင်ဂု ငါမင်းကို အလိုလိုက်တယ်ဆိုတာ
အတိုင်းအတာတစ်ခုထိပဲနော်
မင်းကိုလွှတ်ထားလို့မဖြစ်တော့ဘူး..
မင်းဒီလောက်ထိ လျှောက်လုပ်နေမယ်လို့
ငါမထင်ထားခဲ့ဘူး "

" လျှောက်လုပ်နေတာမဟုတ်ဘူး အတည်
အိမ်ထောင်ရေးအဆင်ပြေတယ်လို့ ဘယ်သူပြောလဲ
ဦးက မကြာခင်မှာပဲ ကွာရှင်းတော့မှာ သူလည်း
ရှင်းမှာနေရတာမပျော်ဘူး ကျေးဇူးတရား
ဆိုတာတွေကြောင့် သူအဲမှာရှိနေခဲ့တာ
ဦးလည်း အချိန်တစ်ခုထိ တာဝန်ကျေခဲ့ပြီးပြီပဲ
လွှတ်မြောက်သင့်ပြီမဟုတ်ဘူးလား "

" ငါသူ့အကြောင်းပြောနေတာမဟုတ်ဘူး
ဖြစ်လာမဲ့နောက်ဆက်တွဲပြဿနာတွေအကြောင်း
မင်းမတွေးဘူးလား မတွေးထားဘူးမလား မင်းမေမေလေးနဲ့
မင်းဖွားကို ဘယ်လိုပြောပြမလဲ မင်းဆော့ဂျင်ကို
ဘယ်ကတည်းက လိုက်နှောင့်ယှက်နေခဲ့တာလဲ ..
ငါပေါ့တာ.. ငါကိုကပေါ့ဆတာ မင်းကို ဆော့ဂျင်ဆီ
လွှတ်လိုက်ကတည်းက မှားသွားတာ "

U [✓]Where stories live. Discover now