အပိုင်း(၄၉)

Bắt đầu từ đầu
                                    

အမှောင်ထဲမှာ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်တွေဆီမှ အလင်းရောင်ကိုသာ မြင်နိုင်တော့သည် သူမ လုရှန်ဆီ တောက်ပစွာလင်းနေတဲ့ ကိတ်နှင့် ချဉ်းကပ်လိုက်သည် မျက်လုံးတွေပြူးကျယ်နေတဲ့ လုရှန်ကို ကြည့်ပြီး သူမ သီချင်းဆက်ဆိုလေသည်

"ကျွန်မအချစ့် လုရှန်"

'သီချင်းလေးတစ်ပုဒ်ပါ ဒါပေမဲ့ ငါက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ'

ထပ်ပြီး အသံအက်‌မလို့ဖြစ်တော့မည့် သူမအသံကို ကြည်လင်အောင်လုပ်ပြီး သီချင်းကို ပြီးအောင်ဆိုလိုက်သည်

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ"

မသိလိုက်ခင်မှာပဲ သူမက ကိတ်ကိုင်ကာ သူ့အရှေ့ရောက်သွားပြီဖြစ်သည် သူမ သူ့ကိုပြုံးပြလိုက်သည်

"ဟက်ပီး ဘက်ဒေး လုရှန်"

လုရှန် သူမကို စိုက်ကြည့်ပြီး ရှုပ်ထွေးသွားပုံရသည်
"ဒီနေ့အလုပ်ရှုပ်မှာလို့ ပြောခဲ့တယ်မလား ပြီးတော့ ကိုယ်တို့ တွေ့လို့မရဘူးဆို"

"ဒါပေါ့ အဲ့တာက လိမ်လိုက်တာလေ အံဩတယ် ဆိုတာက မွေးနေ့ပါတီ‌တစ်ခုရဲ့ အကောင်းဆုံး အပိုင်းတစ်ခုလေ ရှင်မအံဩဘူးလား"

ဖြေမဲ့အစား လုရှန်က သူမလက်ကိုဆွဲလိုက်ပြီး သူရင်ဘက်ပေါ်တင်လိုက်သည်

Baddum, baddum, baddum.* (နှလုံးခုန်သံ)

သူနှလုံးသားက အရမ်းခုန်နေတော့သည်

လုရှန်က အံဩသွားသလို ပုံစံနှင့် ပြန်ဖြေခဲ့သည်
"ကိုယ် အရမ်း အံဩသွားတာ"

"ကျွန်မလဲ အဲ့လိုပဲ ထင်ပါတယ်"

သူမ ပျော်ရွှင်နေသော မျက်နှာနှင့် ပြုံးပြလိုက်ပြီး
"အိုး ကျွန်မ ပေးစရာ မွေးနေ့လက်ဆောင်တစ်ခုရှိသေးတယ်"

"လက်ဆောင်?"

လုရှန် မျက်လုံးတွေ ပြူးကျယ်သွားတော့သည်

ကိတ်ကို စားပွဲပေါ်တင်လိုက်ပြီး သူ့ကိုလက်ပြလိုက်သည် နာခံတတ်တဲ့ခွေးကလေးတစ်ကောင်လို အမူအရာနှင့်သူက ဒူးကိုကွေးချလိုက်သည်

သူခေါင်းပေါ် ချစ်စရာကောင်းတဲ့ မွေးနေ့ဦးထုတ်ကလေးဆောင်းပေးလိုက်သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးNơi câu chuyện tồn tại. Hãy khám phá bây giờ