"Telepathy လို့မပြောရဘူး ဒီလောက် အရှုတ်တေလုပ်ထားတာတောင် လပိုင်းလေးနဲ့ အားလုံးကိုရှင်းထုတ်နိုင်တယ်!ဟက်!"
လက်ယာ ခုံပေါ်မှာခြေချိတ်ထိုင်ရင်း ဝိုင်ခွက်ကို လှုပ်ခတ်ကာဆိုသည်။မျက်လုံးဝိုင်းဝိုင်းလေးတွေက တောက်လဲ့တာထက် စူးရဲသည့်ဘက်ကိုသွားနေ၏။ယောကျ်ားလေးပေမယ့် ပါးလျသည့်နူတ်ခမ်းတို့က ပန်းသွေးရောင်သန်းနေတတ်သည်။ထိုယောကျ်ားဟာ ရက်စက်ပြတ်သားသည့် လင်းလက်ယာဆိုတာ ယုံနိုင်ဖွယ်မရှိလောက်အောင် နူးညံ့ပျိုမျစ်နေသည်။
လက်ယာ ဝိုင်ခွက်ကို တစ်ငုံသောက်လိုက်ပြီး စားပွဲပေါ်သို့ ပြန်တင်လိုက်လေသည်။သူတင်လိုက်သည်နှင့် ခုံဘေးမှာမတ်တပ်ရပ်နေသည့်သူက ထပ်ဖြည့်ပေးပြီးသား။
"ဖိုးဖိုးငယ်ဆီက ဘာကြားလဲ?ငါသူ့ဆီလာလို့ရပြီတဲ့လား?"
လင်းလက်ယာ ဖုန်းကိုကြည့်ရင်း ရာဇာ့ကိုမေး၏။ရာဇာက တစ်လေးတစ်စားဖြင့်...၊
"ဒီည သူ့ဆီလာခဲ့ဖို့ ကျွန်တော်တို့ဆီအကြောင်းကြားပါတယ် Boss!Boss ဘယ်အချိန်သွားချင်လဲ ကျွန်တော် အဆင်သင့်ပြင်ထားလိုက်ပါ့မယ်!"
"အေးဆေးပေါ့ ညမှမလား?"
"ဟုတ်ကဲ့!"
ရာဇာက လက်ယာ အမေးတို့ကို အပြောင်းအလဲမရှိသောမျက်နှာဖြင့် လိုရင်းတိုရှင်းသာဖြေသည်။လက်ယာက ခပ်ဟဟရယ်လိုက်ရင်း ဝိုင်ခွက်ကိုထပ်ကိုင်လိုက်ပြန်သည်။
"Telepathy တို့ဘက်ကရော...အခြေအနေဘယ်လိုရှိလဲ?"
"ပြဿနာတွေ အားလုံးနီးပါကရှင်းပြီးပြီးလို့ကြားပါတယ်Boss!ကျွန်တော့်စိတ်အထင် ကိုTe ဒီရက်ပိုင်းအတွင်း Bossကိုလာတွေ့မဲ့ပုံရှိတယ်!"
"ဟား....ဟား....ဒီတစ်ခေါက် သူ့ခြေလှမ်းတွေနောက်မကျဖို့ဆုတောင်းရတာပေါ့!"
လက်ယာက သဘောခွေ့သလိုခပ်စာစာလေး ရယ်လိုက်ကာ ဝိုင်ခွက်ကိုမော့သည်။မျက်လုံးတို့ကတော့ ကောက်ကျစ်သည့်မြေခွေးတစ်ကောင်ကဲ့သို့ ပရိယာယ်တွေများနေခဲ့လျက်။
"ညကျမှဆို နောက်ကျနေမယ်....အခုပဲ သွားဖို့ပြင်လိုက်တော့!"
စောစောကပဲ စောသေးတယ်ဟုပြောသေးသည်...အခုကျ ချက်ချင်းသွားချင်ရပြန်ပြီ။Telapathy ဆိုသည့်လူနှင့်ပတ်သတ်လာရင်Boss ဟာထိုကဲ့သို့ လောတတ်လေသည်။သို့သော် ရာဇာက ဘာမှမပြော သွားဖို့လာဖို့ပြင်ဆင်ဖို့အတွက်သာ ထွက်လာခဲ့လိုက်သည်။
YOU ARE READING
TELEPATHY [Complete]
Romance"ခင်ဗျား ဘယ်သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" "ခင္ဗ်ား ဘယ္သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" Star Date _ 18.8.2022(28.7.2022) End Date _ 26.11.2022
![TELEPATHY [Complete]](https://img.wattpad.com/cover/319706131-64-k614561.jpg)