Part-8[Uni&Zaw]

6.1K 412 6
                                        

<Unicode>

"Metting မှာ မင်းပြောပြသွားတာအရမ်းကောင်းတယ် ယင်းယာရာ!ဘယ်လိုများစဥ်းစားမိတာလဲ?"

လင်းလက်စကားကြောင့် ယင်းယာ ခေါင်းငုံ့ကာပြုံးမိသည်။မနေ့က အရမ်းနောက်ကျနေတာကြောင့်မမှီတော့ဘူးထင်ကာ စိတ်ညစ်ပြီးပြာယာခတ်နေတာကြောင့် Teက ဝိုင်းကူပေးခဲ့သည်။အရင်ကလည်း အခုလိုမျိုးပဲလုပ်ပေးနေကျဆိုပေမယ့် မနေ့ညကကျတော့ သူကိုယ်တိုင်လုပ်ပေးတာမျိုးမဟုတ်ဘဲ ဘာလေးလုပ်‌ရင်ပိုအဆင်ပြေမယ်ဆိုပြီး ဘေးကနေအကြံပေးခဲ့ခြင်း။

"မနေ့ညက Teဝိုင်းကူပေးခဲ့တာ!အော်!"

ယင်းယာပြောရင်းတစ်ခုခုကိုသတိရသွားသလို လက်းလက်ယာဘက်သို့တည့်တည့်လေးလှည့်လာသည်။ပြီးမှ လင်းလက်ယာကို သေချာကြည့်ကာ....၊

"Te ကမနက်ကပြောတယ် သူမနေ့ကမင်းကို ထိုးလိုက်တာ လွန်သွားတယ်တဲ့!"

"အင်း!"

"အင်း!"

"အင်း!ပြီးပြီလား?"

"အင်း!ပြီးပြီလေ!"

"အမ်‌!"

"ဒါပဲလား!"

"အင်း!ဒါပဲလို့!"

ယင်းယာ ရယ်ချင်ပေမယ့် မရယ်ရက်။ဘာလို့ဆို လင်းလက်ယာပုံစံက မနက်က သူ့ပုံစံနှင်တူနေသည်ပင်။မနက်က ယင်းယာအလုပ်သွားခါနီးတော့ Teက အခန်းပြင်အထိလိုက်ပို့ရင်း...၊

"မနေ့က ကိုယ်မင်းသူငယ်ချင်းကို ထိုးလိုက်မိတာလွန်သွားတယ်!"

"အင်း!"

ထိုအချိန်တုန်းက ယင်းယာကိုယ်တိုင်လည်း Te လင်းလက်ကိုပြန်တောင်းပန်တော့မည်ထင်ကာ ခပ်ပြုံးပြုံးနှင့်နားထောင်ခဲ့သည်။သို့သော် ကိုယ်တော်ကဘာစကားမှဆက်ဆိုခြင်းမရှိဘဲ အခန်းတံခါးဖွင့်ပေးကာ...၊

"ဟင်!ပြီးပြီလား?"

"ဘာဆက်ရှိရအုန်းမှာလဲ?"

မသိဆိုးရွာ မေးလိုက်သည့်Teအမေးကြောင့် ယင်းယာအသည်းတွေယားလာရသည်။

"လွန်တယ်ဆိုတော့တောင်းပန်မှာမဟုတ်ဘူးလား?"

"မတောင်းပန်နိုင်ပါဘူး!ကဲ အလုပ်နောက်ကျတော့မယ် သွားတော့သွား!ညနေအိမ်ကိုတန်းပြန်ခဲ့ ထမင်းချက်ထားမယ်!"

TELEPATHY [Complete]Where stories live. Discover now