<Unicode>
နှစ်လခွဲဆိုတဲ့အချိန်ဟာ သူ့ဒဏ်ရာတွေသက်သာဖို့လုံလောက်ခဲ့ပါသည်။အရင်ကနှင့်မတူသည့် အခြေအနေတွေပေါ်မှာ လိုက်လျောညီထွေဖြစ်နိုင်ဖို့ သူအတော်ကြိုးစားနေရသည်။ဒဏ်ရာတွေဟာပျောက်သလောက်ဖြစ်သွားပေမယ့် အမာရွတ်တွကြောင့် သူ့မျက်နှာဟာ နဂိုပုံစံကိုဘယ်လိုမှမရနိုင်တော့ပေ။
မျက်နှာညာဘက်ခြမ်းတစ်ခုလုံးဟာ ရစရာမရှိအောင်စုတ်ပြတ်သွားခဲ့တာမို့ လူရုပ်တောင်သိပ်မပေါက်ချင်တော့ပေ။ဘယ်ဘက်တစ်ခြမ်းကလည်း ညာဘက်လောက်မဆိုးပေမယ့် ပါးတစ်ခြမ်းကတော့ ဟက်တက်ရာကြီးနှင့် ပွန်းပဲ့ရာတွေရှိနေဆဲ။ထို့ကြောင့်အပြင်သွားတိုင်း မျက်နှာကိုဖုံးရသည်က အလုပ်တစ်ခုဖြစ်ခဲ့၏။
ရင်ဘတ်နှင့်လက်မောင်းတွေမှာလဲအမာရွတ်များစွာရှိပေမယ့် အဝတ်အောက်မှာမို့မသိသာပေ။ဘယ်လိုပင် မျက်နှာမမြင်ရအောင် ကွယ်ထားတယ်ပြောပြော တစ်ချို့အစိတ်အပိုင်းတွေက ထင်ရှားနေဆဲ။
"အ့!"
"ဟာ!ကလေးလေး!ရရဲ့လား ထထ!
ယင်းယာခေါင်းငိုက်စိုက်လျှောက်လာသောသူ့ကိုဝင်တိုက်မိကာ ကလေးလေးမှာလဲကျသွားလေသည်။ထို့ကြောင့်သူလဲ အမေးနဲ့အတူ ကလေးကို ထူပေးရန်ငုံ့လိုက်၏။သို့သော်...၊
"အား...!သရဲကြီး!မေမေ!အီး...ဟီး...ဟီး..."
"ဟင်!"
ကလေးကသူ့ကိုကြည့်ကာတက်မတက်ချက်မတက်ငိုနေတာကြောင့် လူတစ်ချို့က သူ့ကိုဝိုင်းကြည့်ကုန်ကြသည်။ထိုကြောင့် သူ Maskကိုအပေါ်ပိုဆွဲတင်လိုက်ပြီး ဦးထုတ်ကိုပိုငိုက်ဆောင်းလိုက်ရင်း အနောက်ကို ပိုပိုဆုတ်သွားမိ၏။သိပ်မကြာလိုက်ပါ ကလေးရဲ့မိဘတွေဖြစ်ဟန်တူသည့် အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်ယောက်လာကြသည်။
"သားလေး!ဘာဖြစ်လဲ?"
"မေမေ!အီး...ဟီး...ဟီး...!"
ကလေးကဘာစကားမှမပြောဘဲ ယင်းယာကိုလက်ညိုးထိုးပြီး အော်သာငိုနေတော့သည်။ထို့ကြောင့် ကလေးအမေဖြစ်ဟန်တူသည့်အမျိုးသမီးက ယင်းယာဆီကိုလျှောက်လာပြီး သူ့ကို့လက်ညိုးထိုးကာ...၊
YOU ARE READING
TELEPATHY [Complete]
Romance"ခင်ဗျား ဘယ်သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" "ခင္ဗ်ား ဘယ္သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" Star Date _ 18.8.2022(28.7.2022) End Date _ 26.11.2022
![TELEPATHY [Complete]](https://img.wattpad.com/cover/319706131-64-k614561.jpg)