"ငါ့အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ''

"ဖေဖေ ဖေဖေကပြောတော့ ဒီမှာ အလုပ်လုပ်ပေးရုံပဲဆို ခင်ဗျားတို့ ညာနေကြတာမလား''

စိုင်းစကားနောက်မှာ ကောင်လေး၏ တုန်နေတဲ့အသံလေး ကပ်ပါလာခဲ့သည် ။ ဦးထင်းက ခပ်ကျယ်ကျယ်လှောက်ရယ်လိုက်ပြီး....

"ဟား ဟား ကောင်လေး ဒါလဲအလုပ်ပဲလေ ငါကမင်းကိုမလိမ်ပါဘူး မင်းအဖေသာမင်းကို လိမ်ခဲ့တာ''

ပြိုလဲကျသွာတဲ့ ကိုယ်လေးက ဒူးနှစ်ဖက်ကိုပိုက်ပြီး ရှိုက်သံပြုနေသည် ။ စိုင်းစိတ်မရှည်စွာ မျက်မှောင်ကြုံ့လိုက်ပြီ ထိုလူတွေဘက် အကြည့်ပို့လိုက်ပြီး အေးစက်စွာပြောလိုက်သည် ။

"ငါသူ့ကို ပြန်ဝယ်မယ်!''

ဦးထင်းမှာ အကြံအိုက်သွားရသည် ။ သူ့ရှေ့က လူငယ်ဟာ ပေါ့သေးသေးမဟုတ် သူ့အဖေက အနေအေးသလောက် သူကတော့ နောက်ကွယ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ အပြည့်နဲ့သူပင် ။ ဦးလေးဖြစ်သူက ထောင်ပိုင်တစ်ယောက်ဖြစ်နေသည့်အပြင် သူ(စိုင်း)ကတော့ သူတို့လောကထက်ပိုအတွင်းနက်ထဲမှာပါ ကျင်လည်နေသည့် သားရဲတစ်ကောင်ပဲ ဖြစ်၏ ။ ဒါကြောင့် သွားမထိသင့်သလို ရှောင်ပင်ရှောင်နေသင့်သည့် အမျိုးအစားပေ ။

"လူကြီးစိုင်းကို အားနာပေမဲ့ ကျုပ်က ဒီလူ့ကို သိန်းငါးရာနဲ့ ပြန်ရောင်းလိုက်ပြီဗျ''

"အဟမ့်!''

ခပ်သော့သော့ ရယ်သံအဆုံး အေးစက်စက်အကြည့်တစ်ခုက ကပ်လျက်ပါလာသည် ။ အရှိန်အဝါကြီးတဲ့ နတ်ဘုရားတစ်ပါးလို့ တင်စားကြတာလည်းမမှားပေ ။ ကြောက်စရာ နတ်ဆိုးတစ်ကောင်နှင့်လည်း အတော်လေးနီးစပ်၏ ။

"ဒီနိုင်ငံရဲ့ ကြိုက်တဲ့ ဘဏ်မှာ ငါ့နာမည်နဲ့ ငွေသိန်းတစ်ထောင်ထုတ်လိုက်! သူ့ကို ငါပြန်ဝယ်မယ် နောက်ထပ်အသံ ထပ်ထွက်လာရင် မင်းခေါင်းထဲမှာ ကျည်ဆံအပြည့် ဖြည့်သွားမယ်!''

ခပ်သြသြလေသံနဲ့ စူးရှပြတ်သားစွာ ပြောလာတဲ့စကားတွေက အထက်စီးနိုင်လှသည် ။ ဦးထင်းတို့အားလုံး ကြောက်ဒူးတုန်ကာခေါင်းပင်ညိတ်ရ၏ ။ အသတ်တော့မခံနိုင်ပေ ဒီထဲသူ့လူတွေအများကြီး ပါလာနိုင်သည် ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now