WTLE- [Part 16]

179 19 0
                                    

ဟီဆွန်းသည် အလုပ်လျှောက်ရာတွင်ထင်ထားသည့်အတိုင်း အောင်မြင်ခဲ့ပါသည်။ Project Management ပိုင်းတွင် နေရာရပါသည်။ ရသည့် ရာထူးမှာအမြင့်ကြီးလဲမဟုတ် နိမ့်လွန်းသည်လည်းမဟုတ်ပေ ။ သူဝါသနာပါရာမို့ ဒီထက်ပိုကြိုးစားမည်ဟု တေးထားလိုက်သည်။

အမှန်တိုင်းဆိုရသော် ဖခင်ဖြစ်သူမှ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဆိုးလ် မြို့ပေါ်တွင်ဆောက်လုပ်နေပါသည်။ ဖေဖေသည် ဟီဆွန်းအား ထိုကုမ္ပဏီကိုဦးစီးခိုင်းမည်ဟုလည်း စကားထည့်ထားပါသေးသည်။ သို့သော် ထိုကုမ္ပဏီက ဆောက်လုပ်စဖြစ်နေသောကြောင့်လည်းကောင်း၊ အလုပ်ခွင် အတွေ့အကြုံရရှိလိုသောကြောင့်လည်းကောင်း အလုပ်ဝင်လျှောက်ခြင်းဖြစ်ပါသည်။

ယခုတွင်တော့ ဟီဆွန်းသည် သူအလုပ်ရပြီမို့ ပျော်သည်ထက် သူ့အသည်းအသက်
မှည့်နက်လေးနှင့် မနက်အလုပ်သွားချိန်တိုင်း၊ည​နေအလုပ်​​ပြန်ချိန်တိုင်း အတူတူရှိရတော့မှာမို့ ပိုပျော်နေရပါသည်။

ဟီဆွန်းသည် ဟွန်းနီး၏ ဖုန်းနံပါတ်လေးအား ရင်ခုန်စွာနှိပ်ရင်း တစ်ဒူဒူအသံလေးကား နားစွင့်နေလိုက်သည်။

"ဟယ်လို ဟွန်းနီး"

"အယ် အကိုဟီဆွန်းလား"

"အဟမ်း အသံကျက်မိသားပဲ..ဟုတ်တယ် အကိုရယ်ပါ အကိုအလုပ်ရကြောင်း လှမ်းပြောတာ ဟဲ"

"အိုး..ဂုဏ်ယူပါတယ် အကိုရေ..အဲ့တာဆို ကျွန်တော့်ကို အကိုအလုပ်ဆင်းရင်လာကြိုတော့မှာပေါ့နော်..ဘယ်နေ့လောက်ဖြစ်မလဲအကို"

"မနက်ဖြန်ပဲအကိုစဆင်းရမလားလို့"

"​အာ ဟုတ်ပြီ ကျွန်တော်ပြင်ဆင်ထားပါ့မယ် ကျေးဇူးပါနော် အကို အားတော့နာတယ်ဗျာ"

"ဟွန်းနော်..အကိုက တကယ်ဘာဝန်မှမပိုလို့ပါဆို"

"ဟုတ်ပြီဗျာ ကဲကဲ ကောင်းသောညပါဗျာ ဒါပဲနော် အကို"

"​အင်း အိမ်မက်ကောင်းကောင်းမက်ပါစေ..."

.....တီ......

ဖုန်းစခရင်မှ အလင်းတန်းလေးထွက်ပေါ်လာမှ ဆက်ပြောလိုက်သည့်စကားလေး..။

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now