WTLE-[Part 9]

253 31 1
                                    

Unicode

ဟီးဟန်နီးနှင့် ဂျီဟွန်းတို့ နှစ်ယောက် အကြွေးရှင်တွေဆီရောက်သွားလေ၏။

"ဒီမှာပါ...ရေကြည့်ပါဦး ပြည့်လားမပြည့်လား ကျွန်မသားကို ခုချက်ချင်း ပြန်ပေးပါ"

အကြွေးရှင်သည် မျက်နှာတစ်ချက်ပျက်သွား၏။သူသည် ဂျီဟွန်းတို့အား ချက်ချင်းမပေးနိုင်ဟုထင်ကာ ကောင်လေးအား လက်လွန်မိသွားသောကြောင့်ပင်။

"အင်း ပြည့်ပါတယ်။ မင်းသားကို ဟိုအခန်းထဲမှာ ထည့်ထားတယ်။သွားခေါ်ချည်။ငါတို့ပြန်တော့မယ်။ ဟေ့ကောင်တွေ လာကြ ပြန်ကြတော့မယ်ကွ"

ဂျီဟွန်းနှင့် မဟန်နီးတို့နှစ်ယောက် သူညွှန်ပြထားသော အခန်းငယ်သို့ဝင်သွားလိုက်သည်နှင့် အကြွေးရှင်ဆိုသောသူနှင့် သူ၏တပည့်တို့သည် လျင်မြန်စာ ထွက်သွားတော့သည်။ အမေနှစ်ယောက် အခန်းလေးထဲဝင်ဝင်ချင်းပင် ခေါင်းတွင်ပက်တီးအဖွေးသားနဲ့ ဟွန်းနီးအားတွေ့လိုက်ရ၏။

"သားလေး!!.."

ဂျီဟွန်းတစ်ယောက်လဲ သားလေးကိုပြေးဖက်တော့သည်။ ဖက်လို့ဝသွားခါမှ သေချာကြည့်တော့ ပက်တီးနဲ့မို့စိတ်ပူပြီး မေးလိုက်သည်။

ဆောင်းဟွန်းသည် သူတို့နှစ်​ယောက်အား ပြူးကြောင်ကြောင်နဲ့ကြည့်လျက်သာ။

"သား...သားခေါင်းကနာနေလား..ဘာတွေဖြစ်သွားတာလဲ မေ့ကိုပြောပြပါဦးသားရယ်..အင့်..ဟင့်...မေမေ မကောင်းတာပါ။"

ဂျီဟွန်းသည် ငိုချတော့မတတ်ပင်။

"ဟို...."

"အင်း..သားပြော.."

"ဒီက အန်တီနှစ်ယောက်ကို ကျွန်တော်မသိဘူးခင်ဗျ..ဘယ်သူတွေလဲမသိဘူး..."

"ဟင်!!"

အမေနှစ်ယောက်လုံး မျက်လုံးပြူးသွားကြရတော့သည်။

"သား...သားမေမေလေ ဒါသားမေမေပါ.."

မဖြစ်တော့ပါ။ဆေးရုံခေါ်သွားရန်သာ ဂျီဟွန်းတတ်နိုင်တော့သည်။

သုံးယောက်သား ဆေးရုံသို့အပြေးအလွှားသွားမိပါ၏။

"ဆရာ..ကျွန်မသားလေး ခေါင်းထိသွားတာလားမသိပေမဲ့ သူကျွန်မတို့ကိုမသိဘူးပြောနေတယ် ဆရာ"

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now