WTLE-[Part 10]

311 33 3
                                    

Unicode

လေးနှစ်ကြာပြီးနောက်...

အပြည်ပြည်ဆိုင်ရာ Incheon လေဆိပ်၌။

ဆံနွယ်ပန်းရောင်တောက်တောက်လေးနဲ့နေကာမျက်မှန်တစ်ဖက်တပ်ဆင်ထားကာ Suit အပြည့်ဖြင့် မြင်သူတကာ ငေးကြည့်ခံနေရသော ကောင်လေးတစ်ယောက်။သူသည် ဖုန်းထုတ်ကာ Jake ဆိုသော Contact လေးအား ခေါ်ဆိုလိုက်သည်။

"Hello.ဂျယ်ယွန်းနား..ဟျောင်း ရောက်​ေ ပြီ "

"အာ..ဟျောင်း..ထွက်လာခဲ့လိုက်ပါ..ကျွန်တော် အပြင်ဂိတ်ဝမှာစောင့်နေတယ်"

"အိုခေ"

အီဟီဆွန်းသည် သူ့မွေးရပ်မြေ မှည့်နက်လေးရှိရာသို့ ခြေလှမ်းချခဲ့ပြီဖြစ်သည်။ ဟုတ်သည်..ဂျယ်ယွန်းသည် သူ့ထက် ၂နှစ်စော၍ အရင် Seoulကိုရောက်နေခဲ့တာဖြစ်သည်။

ဂျယ်ယွန်းသည် ကောင်လေးရှိသည်ဟု တစ်ခါပြောဖူးသည်။ မိတ်ဆက်ပေးဦးမည်လို့လဲပြောသည်။အဲ့ကလေးတောင် ချစ်သူရည်းစားရနေပြီ..ကိုယ့်မှည့်နက်လေးကော..ဘယ်တွေဆီမှာများလဲ...ကိုယ့် ဘွဲ့သဘင်မှာ မင်းအနားမရှိခဲ့တော့ ကိုယ်မပျော်ခဲ့ဘူး..အဲ့ကြောင့် မင်းကိုတော့ တွေ့ရင် အပြစ်ပေးရမယ်ကွာ..

ကိုယ်တို့နှစ်ယောက်ရဲ့ လက်စွပ်လေးလဲ မင်းဝတ်ထားသေးရင် ကိုယ်အတိုင်းထက်အလွန်ပေါ့ကွာ။

"ဟျောင်း အိမ်ကိုပဲအရင်သွားမယ်မလား"

"အင်း..မေမေတို့ဆီအရင် ပြန်မယ်ကွာ"

ဂျယ်ယွန်းနှင့် ဟီဆွန်း မတွေ့ရသော နှစ်နှစ်တာအတွက် စကားများပြောမပြတ်ပေ။ထိုစဥ် ဂျယ်ယွန်းသည် ဖုန်းလာ၍ စကားစပြတ်သွားလေသည်။

"အင်း..ကိုယ် ညကျအားပါတယ်..ခုက ကိုယ့်အကိုကို သွားကြိုနေလို့"

"အာ..ဟိုတစ်ခေါက်က ဟိုပြောထားတဲ့အကိုလေ"

"အွန်း..အွန်း...ညကျတွေ့မယ်နော်"

ဟီဆွန် ပြုံးစိစိနှင့်သာ ထိုင်စောင့်နေလိုက်သည်။သူ့ကောင်လေးထင်သည်။

"ဟေး..မင်းငါ့ကိုမိတ်ဆက်ပေးဦးလေ လျိုမထားစမ်းပါနဲ့ကွာ"

"မဟုတ်တာ ဟျောင်းရာ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်လေ..နောက်နေ့ကျမှ မိတ်ဆက်ပေးမယ် ခုတော့နားလိုက်ပါဦးဗျာ"

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now