WTLE-[Part 1]

850 75 6
                                    

2006 ခုနှစ်...

ရေချိုးကန်လေးထဲမှာ ဘဲရုပ်လေးတွေနဲ့
ပျော်မြူးနေတဲ့ ကလေးငယ်လေး ။ထိုကလေးလေး ဘေးမှာတော့...

"သားသားရေ မေ့မေ့သားလေးရေ"

ဟီးဟန်နီးတစ်ယောက် ရေပိုက်သေးသေး
လေးနဲ့ သူ့ကလေးပိစိကို ပတ်ဖျန်းပြီး စနေလေရဲ့..

ကလေးလေးကလဲ ရေချိုးရတာ ပျော်နေသည်။ကစားနေသည်မှာ တစ်ကယ့်အသည်းယားစဖွယ်ပင်။

"ဒီနား ဒီနား မေ"

"ဟုတ်ပြီ"

ကလေးလေးစိတ်ကြိုက် ပတ်ဖျန်းပြီး ချေးတွန်းပေးလျက် ။

"တော်တီ တော်တီ ရေချိုးလို့ဝတီ ဟီးဟီး"

"ဟုတ်ပါပြီရှင် ရေချိုးလို့ ဝသွားပြီပေါ့လေ ဒါနဲ့ ကလေးလေးရေ ဒီနေ့ မားမား ဘာလို့ သားကို ဘာလို့ စောစောရေချိုးပေးခဲ့ဆိုတာ သိတယ်ဟုတ်?"

"ဟုတ် တိပါတယ်နော် ဟီး"

(ကလေးက လေဝင်ပေါက်လေးနဲ့ သွားကျိုးလေးမို့ စကားမပီသေးတာပါ^^)

ကလေးလေးတစ်ယောက် အူမြူးနေရတဲ့ အကြောင်းရင်းကတော့ သူတို့ ဘေးအိမ်ကို လူသစ်လေးတွေပြောင်းလို့မှာမလို့ပါပဲ။

ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးတဲ့နောက်

"ကဲ မေ့သားလေး မွှေးကြိုင်လန်းဆန်းသွားပြီ မေ မွှေးချင်လို့ အူးမွ အား မွှေး​နေတာပဲကွာ"

"ဟီး အဲ့ကြောင့် မေ့ကိုချစ်တာ ဟီး မွှေးနေတာပဲနော် တားဆီက"

"ဟုတ်ပါတယ်ရှင် မေမေလည်း သားသားကိုချစ်ပါတယ်နော် ဒါနဲ့ ရော့ သားသား ဒီမှာ ဆန်မုန့်ဘူးလေးနဲ့ ဒီချိုင့်လေးကို ဘေးအိမ်က အိမ်သစ်ပြောင်းလာတဲ့ အန်တီဖြစ်ဖြစ် ဦးလေးဖြစ်ဖြစ်ကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေးရမယ်နော် လက်ကလည်း သေချာကိုင်နော် သား..မမှောက်စေနဲ့နော် ဟင်းဟင်း "

"တားသိပါတယ် မေရ"

သူ့ကလေးအကြောင်း သူမကောင်းကောင်းသိတယိလေ။ သူ့ကလေးလေးက တစ်ကယ့် ပြာကလပ်စိန်လေး။ခုတော့ဖြင့် သူလေး ပျော်မြူးပြီး အိမ်ကနေပြေး ထွက်သွားလေရဲ့။

Where the love exists [HeeHoon/milkcarrot] Where stories live. Discover now