ခြယ်ကမြန်မာဝတ်စုံလေးတွေနဲ့လိုက်ဖက်သူမို့ ဆိုင်မှာအလုပ်လုပ်မယ်ကြားကြားချင်း ဆိုင်ကိုချက်ချင်းလှမ်းဆက်ကာ ပြင်ထားခိုင်းခြင်းဖြစ်သည်။

'ချည်သားလေး လှလိုက်တာအေးမယ့်ပုံလေးပဲ'

'ဟုတ်တယ် အဲ့တာဒီလမှထွက်ထားတဲ့အင်းလေးချည်ပန်းထိုးအဆင်လေး။ဟိုတစ်ခါဘုရားပေါ်မှာတွေ့တုန်းက ချည်ထည်လေးဝတ်ထားတာ ခြယ်နဲ့သိပ်လိုက်တာမှတ်မိလို့။ဒါလေးထွက်ကတည်းကပေးချင်နေခဲ့တာ၊အခုမှပဲကြုံတယ်'

ခြယ်ကတစ်ယုတစ်ယနှင့်အထည်လေးကိုဖြန့်ကြည့်ပြီး သဘောကျနေတော့ ရှက်သလိုလိုတောင်ဖြစ်မိသည်။နောက်တော့ဆိုင်ထဲကပိုးရုံနှင့်ဇာတွေလိုက်ပြတော့ စိတ်ဝင်တစားနဲ့ပြောသမျှကိုခေါင်းတညိတ်ညိတ်လုပ်ကာနားထောင်နေသည်။

'နောက်ကျရင် ခြယ်အားလုံးသိသွားမှာပါ ဖြေးဖြေးချင်းကြည့်ပေါ့ ဟုတ်ပီလား'

ဒီလိုနဲ့ညနေကျတော့အိမ်အပြန်ကိုလဲအလာတုန်းကအတိုင်း အတူရှိချင်သည်။

​'ခြယ် ညနေကျရင်တူတူပြန်မယ်နော် ခြယ့်ကိုဝင်ပို့ခဲ့ပေးမယ်'

'အင်း ရတယ်လေ'

'ညနေကျအပင်ဆိုင်ဝင်ချင်လို့ ခြယ်လိုက်ခဲ့မလား'

'အပင်ဆိုင်ဟုတ်လား ဂန်ဟန်ဘာပင်ဝယ်စရာရှိလို့လဲ'

'ဒီတိုင်းပဲလေ ဆိုင်မှာဝင်ကြည့်ချင်တာပါ ဂန်ဟန်ကမသိပါဘူး ခြယ်ရွေးပေးပေါ့။အိမ်ထဲနဲ့ဆိုင်ထဲမှာထားဖို့ indoor plantလဲနည်းနည်းလောက်ကြည့်ချင်လို့'

အမှန်တော့ထိုဆိုင်လေးသည်ကိုယ်လိုအပင်စိုက်ဝါသနာမပါသည့်သူကိုတောင်သလောကျစေသည့်ဆိုင်ကလေးဖြစ်သည်။မေမေနှင့်တူသော သူမသာဆိုလျှင်လဲသဘောကျမည်ဖြစ်ကြောင်းသိသဖြင့်ခေါ်သွားချင်သည်။

'အင်း အင်း ခြယ်သေချာကြည့်ပေးမယ်။အိမ်ထဲစိုက်လို့ကောင်းတဲ့အပင်လေးတွေသိတယ်။ခြယ့်အိမ်မှာစိုက်ထားသလိုလေးတွေရော သဘောကျလား။နောက်ရက်ခြယ်ပျိုးထားတဲ့ marigoldအပင်လေးခွဲပြီး ယူလာခဲ့မယ် အိမ်မှာစိုက်ပေါ့။မနက်ကျလိုက်ကာလေးလှပ်ထား ဒါဆိုရပီ'

"ခြယ်"Where stories live. Discover now