မုဝမ်ရန်က သူ့ အကြောင်းကို စုံစိအောင်သိနေသူမို့ သူဘာတွေးနေလဲဆိုတာကို မသိ
မည်မဟုတ်၊ သူ့ကိုသာမှီခိုအားထားစေပြီး
သူ့အတွက် သက်တောင့်သက်သာဖြစ်စေ
မည့်အနေအထားသို့ နူးညံ့စွာပြောင်းလဲ
ပေးဖို့ကြိုးစားလိမ့်မည်ပင်၊သူတို့နှစ်ဦး
သဘာဝ တရားအရလိုက်ဖက်ညီနိုင်ဖို့
လွဲမှားနေသည့် အရာများကို တစ်ယောက်ထံမှ ကျန်တစ်ယောက်က ရှာဖွေနိုင်ပြီး
လို အင်ဆန္ဒတွေကိုလည်းအလိုအလျောက်
တုံ့ပြန်မှု ရရှိနိုင်တယ်။

လုကျားက တပ်မက်ခြင်း လိုအင် ဆန္ဒအား
လေးလေးနက်နက်နားလည် ခြင်းမရှိသော်လည်း ယခုအနေအထားတွင် မုဝမ်ရန်
ကို ကြည့်နေရင်း စိတ်လှုပ်ရှားမှု လေလား
ကြောက်ရွံ့မှုလေလားဟုပင် မပြောနိုင်လျက်
သူ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာတယ်။

သူ့လက်ချောင်းထိပ်လေးတွေ ပူနွေးနေပြီး
သူ့ နားရွက်လေးတွေ ပူနွေးနေတယ်၊ဒါပေမဲ့
မုဝမ်ရန်က သူ့နားရွက်လေးတွေကို လျှာဖြင့်
ယက်နေတယ်၊သူ့လက်လေးကို ဆွဲယူကာ
လက်ချောင်းလေးတွေကို မုဝမ်ရန်ကပါးစပ်လေးထဲတွင် ထည့်၍ငုံထွေးလိုက်တယ်၊
လက်ညိုးလေးကို လျှာဖျားလေးဖြင့်
ယက်လိုက်ရာ လုကျားရဲ့ လက်ချောင်းထိပ်လေးတွေက စိုစွတ်နေတဲ့ လက္ခဏာလေးတွေ
ကျန်ရစ်ခဲ့တယ်။

ယခင်ကဆို လုကျားက မုဝမ်ရန်ရဲ့ အထိအတွေ့ မှန်သမျှကို တခါမှ မငြင်း
ပယ်ခဲ့ဘူး၊ယခုတွင်မူ သူကပို၍တောင်
လောဘတက်လာတယ်၊မုဝမ်ရန်ရဲ့ အထိအတွေ့ကို ပိုမို တောင့်တလာတယ်၊
နားရွက်လေးတွေကို ပွတ်သပ်တာမျိုး,
ဆံပင်လေးတွေကို ဆွဲဖွတာမျိုး လေးတွေ
ကသူ့ကို ပို၍ပင် ပျော်ရွင်စေတယ်၊ကြောင်လေး တစ်ကောင်လို စကားနားထောင်ပြီး
တွယ်ကပ်နေလျက် အချစ်ခံရဖို့ စိတ်အား
ထက်သန်ပြီး စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့
နေခဲ့တယ်။

လုကျားတစ်ယောက်လက်ရှိအခြေအနေမှာ
မုဝမ်ရန် ကို စကားတခွန်းပင်မတုံ့ပြန်ဝံ့ဘူး၊
ခေါင်းလေးကိုသာတိုး၍ ငုံ့နေလျက်မုဝမ်ရန်ကိုမကြည့်ပါကသူ့ ခန္ဓာကိုယ််မှလောင်မြိုက်နေတဲ့အပူမီးက အနည်းငယ် သက်သာမည်ဟု ထင်မိသည့်တိုင်ပို၍ပင်ပူလောင်လာ
ပုံရနေတယ်။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now