လေဆိပ်ကို မရောက်ခင် ကျတဲ့နှင်းတွေပင်
အရည်ပျော်သွားပြီ၊ သူဘာလို့ရုတ်တရက်
ချက်ခြင်းကြီး မဝံ့မရဲ ဖြစ်သွားတာလဲ?

သူတို့နှစ်ယောက် အနီးနားရှိတက်စီတစ်စီးကို ခေါ်လိုက်ပြီး မုဝမ်ရန်က ရှေ့ခုံတွင်ထိုင်ပြီး
လုကျားက နောက်တွင်ထိုင်ကာတစ်ယောက်နဲ့ တစ်ယောက်စကားမပြောဘဲခဏမျှ တိတ်ဆိတ်နေကြတယ်။ လုကျားကကားမှန် ပြတင်းကို ခေါင်းလေးမှီထားချိန် ကားက
ကုန်းမြင့်ကို တက်သွားတာမို့ သူ့ ခန္ဓာကိုယ်လေး ယိမ်းယိုင်သွားတယ်၊ ရှေ့တွင်ထိုင်နေသည့်မုဝမ်ရန်ထံမှရယ်သံကြားလိုက်ရတာမို့
နောက်ကြည့်မှန်ထဲမှ မုဝမ်ရန် သူ့ကို ကြည့်နေကြောင်း လုကျား သိလိုက်တယ်။

တက်စီက သူတို့ အိမ်ရာဂိတ်ပေါက်ဝမှာရပ်
သွားတယ်၊ လုကျား ကားထဲမှထွက်ပြီး ခရီးဆောင်အိတ် ကို ကားထဲမှဆွဲယူလိုက်တယ်။ထိုအချိန် မုဝမ်ရန်လည်း သူ့နောက်တွင်မတ်တပ်ရပ်ပြီး အိတ်ကို လှမ်းဆွဲလာရာ
သူတို့လက်တွေထိမိသွားတာမို့ လုကျား အလျင်အမြန် သူ့လက်ကို ပြန်ရုတ်လိုက်တယ်၊ မုဝမ်ရန်က သူ့အပြုအမူ ကို မြင်လိုက်ပေမယ့် ဘာမှတော့ ပြောမလာဘူး။

ဓာတ်လှေကားထဲသို့ ရောက်တဲ့အခါ လုကျား တစ်ယောက် သူ့ဖိနပ်ပေါ်မှ ပန်းတွေ ပွင့်တော့မည့်အလား လည်ပင်းတွေပင်နာကျင်စေဦးခေါင်းလေးပင်မော့ကြည်မလာတော့၊

အိမ်တံခါးဖွင့်လိုက်သည်နှင့် သူမနက်အိပ်ရာနိုးချိန်က စောင်မခေါက်ထားခဲ့တာကိုလုကျား
သတိရသွားတယ်၊တံခါးဘောင်ကို
ခပ်တင်းတင်းဆုပ်ကိုင်ကာ အချို့သော အကြောင်း ကိစ္စတို့ကြောင့် တံခါးကို
ပြန်ပိတ် လိုက်တယ်။

မုဝမ်ရန် မေးလာတယ်,

"ကိုယ့်ကို မလာစေချင်လို့လား?"

"မဟုတ်ဘူး"

လုကျား အလျင်အမြန် ရှင်းပြလိုက်ရတယ်,

" အိမ်က နည်းနည်းလေး ရှုပ်နေ...."

မုဝမ်ရန်ရဲ့ အကြည့်တွေက လုကျား အပေါ်
စက္ကန့်ပိုင်းမျှ ကျရောက် ပြီးနောက်တဖက်သို့
လှည့်ကာ ရယ်မောလိုက်မိတယ်၊

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Où les histoires vivent. Découvrez maintenant